# Squid Game ဇာတ်လမ်းကို ကလေးတွေ မကြည့်ရှုသင့်ကြောင်းအကြံပြု

Estimated read time 1 min read

#WorldHealth

Published – 26 October 2021

Netflix ကထုတ်လုပ်တဲ့ Squid Game ဇာတ်လမ်းတွဲဟာ ပရိသတ်အများအပြားကို ဖမ်းစားထားနိုင်ပေမယ့် ကလေးတွေကိုတော့ ကြည့်ရှုခွင့်မပြုသင့်ဘူးလို့ ဆရာဝန်တွေက ကလေးမိဘတွေကို တိုက်တွန်းလိုက်ပါတယ်။

စက်တင်ဘာလအတွင်း Netflix က စတင်ပြသခဲ့တဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ Squid Game မှာပါဝင်တဲ့ ဇာတ်ကောင်တွေဟာ အကြွေးနစ်နေသူတွေဖြစ်ပြီး များပြားလှတဲ့ဆုကြေးငွေပိုင်ဆိုင်ဖို့ ကလေးကစားနည်းတွေကစားရတာဖြစ်ပါတယ်။

ရှုံးနိမ့်တဲ့သူတွေကတော့ အသတ်ခံရတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာ သွေးထွက်သံယိုအခန်းတွေကို ပေါ်ပေါ်တင်တင် ထည့်သွင်းပြသထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲ စတင်ပြသပြီး တစ်လမပြည့်ခင်မှာပဲ ကြည့်ရှုသူ ၁၁၁ သန်းရှိလာပြီး အအောင်မြင်ဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်လာခဲ့ပါတယ်။

ဇာတ်လမ်းတွဲမှာပါဝင်တဲ့ အသုံးအဆောင်ဝတ်စုံတွေ၊ ကစားနည်းတွေဟာလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ TV-MA (၁၇ နှစ်အောက်များမကြည့်ရ) လို့ Netflix ကဖော်ပြထားပေမယ့် ကလေးငယ်လေးတွေတောင် ကြည့်ရှုနေကြတာမို့လို့ ဆရာဝန်တွေက စိုးရိမ်ပြောဆိုနေကြတာဖြစ်ပါတယ်။

ဆယ်ကျော်သက်နှောင်းပိုင်းအရွယ် မဟုတ်ပါက မိဘများရှိရှိ မရှိရှိ Squid Game ကို မကြည့်သင့်ဘူးလို့ ကလေးစိတ်ကျန်းမာရေးဆေးရုံမှ ဆရာဝန်ကပြောကြားထားပါတယ်။

“အခြားဇာတ်ကားအများစုထက် အတော်ကိုကြမ်းရမ်းပြီး ကြောက်မက်ဖွယ်ကောင်းပါတယ်။ နောက်ဆုံးအနိုင်ရရှိသူတစ်ဦးကလွဲပြီး ကျန်တဲ့ပြိုင်ပွဲဝင် ၄၀၀ ကျော်ကို သတ်ဖြတ်တဲ့ပွဲပဲ”လို့ ကလေးစိတ်ကျန်းမာရေးဆေးရုံမှ အကြီးအမှူးဖြစ်သူ ဒေးဗစ်အန်ဒါဆန်က ဆိုပါတယ်။

“ဂိမ်းပြိုင်ပွဲတည်ထောင်သူ စိတ်ကျေနပ်ဖို့အတွက် ဇာတ်ကောင်တွေကို စီစဉ်ထားတဲ့အတိုင်းနှိပ်စက်သတ်ဖြတ်နေကြတာပါ။ လိင်ဆက်ဆံတဲ့အခန်းပါတယ်။ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တာတွေပါတယ်။ အမျိုးသမီးတွေကို ဆံပင်ဆွဲရိုက်နှက်တဲ့အခန်းတွေ ပါတယ်။ အဓိကကတော့ လောင်းကစားလုပ်ရာကနေ ငွေအချီကြီးရနိုင်တယ်ဆိုတဲ့အကြောင်းတွေဟာ စိုးရိမ်တွေဖြစ်နေပါတယ်”လို့ Common Sense Media က ဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။

ဒီဇာတ်လမ်းတွဲက ကစားနည်းတွေအတိုင်း ဆော့ကစားတာကို ကျောင်းတွေက တားမြစ်အရေးယူတာတွေ ပြုလုပ်ပါတယ်။

ရော့စ်ဝဲလ်မြို့က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာဆိုရင် ဒီဇာတ်လမ်းတွဲနဲ့ ကစားနည်းတွေအကြောင်း ပြောဆိုခြင်းကို လုံးဝပိတ်ပင်ထားပါတယ်။
Source: CNN

You May Also Like

More From Author