Matrix ဇာတ်ကားသစ် ရိုက်ကူးရာမှာ Keanu Reeves ကအဆောက်အအုံပေါ်ကနေ ၁၉ကြိမ် ခုန်ချခဲ့

1 min read

#WorldEntertainment

The Matrix Resurrections ဇာတ်ကားသစ် ရိုက်ကွင်းတစ်ခုမှာ Keanu Reeves နဲ့ Carrie-Anne Moss တို့က အထပ် ၄၀ မြင့်အဆောက်အအုံပေါ်ကနေ ခုန်ချခဲ့ကြတယ်လို့ Keanu Reeves က အင်တာဗျူးတစ်ခုမှာ ပြောကြားသွားပါတယ်။

သူတို့နှစ်ယောက်ဟာ ဒီဇာတ်ကားထဲမှာ Neo နဲ့ Trinity အဖြစ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

အင်တာဗျူးတင်ဆက်သူ စတီဖင်ကိုလ်ဘတ်က ဘာလို့ဂရပ်ဖစ်ဒီဂျစ်တယ်တွေအသုံးမပြုဘဲ ကိုယ်တိုင်ခုန်ချတာလဲလို့ မေးမြန်းခဲ့ပါတယ်။

“ဒါရိုက်တာ Lana Wachowski က လုပ်ခိုင်းလို့ပေါ့။ The Matrix ဇာတ်ကားကို သဘာဝအလင်းအမှောင်အတိုင်း ရိုက်ကူးချင်လို့ပါ။ ခုန်ချတုန်းကတော့ ကြိုးတွေတပ်ဆင်ထားရတာပေါ့”လို့ Reeves က ဖြေကြားခဲ့ပါတယ်။

Reeves က “ကျွန်တော်နဲ့ Moss တို့ လက်ကိုင်တွဲပြီး အဆောက်အအုံပေါ်ကနေ ၁၉ ကြိမ် အကြိမ် ၂၀ လောက် ခုန်ချခဲ့ကြတယ်။ ပထမဆုံးတစ်ကြိမ်ခုန်ပြီးတော့ ကြောက်စိတ်ကို စဉ်းစားမနေတော့ဘူး။ ကြောက်စိတ်ကိုဖုံးမနေဘဲ ရင်ဆိုင်လိုက်တယ်။ ပြီးတော့ခုန်ချလိုက်တာပါပဲ”လို့ ပြောသွားပါတယ်။

ခုန်ချရတာ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အရင်က ဘန်ဂီခုန်ချခြင်းကိုတောင် တစ်ခါမှမလုပ်ဖူးကြောင်း Reeves က ပြောပါတယ်။

The Matrix Resurrection ဇာတ်ကားကို ဒီဇင်ဘာ ၂၂ ရက်နေ့မှာ HBO Max ကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Source: CNN

You May Also Like

More From Author

+ There are no comments

Add yours