TV360 by Mytel မှ စိတ်လှုပ်ရှားဖွယ်ရာ ရုပ်သံလိုင်းများ၊ ဖျော်ဖြေမှုမျိုးစုံကို ကြည့်ရှုနိုင်မည့် OTT TV Application မိတ်ဆက်

Estimated read time 1 min read

ဒစ်ဂျစ်တယ် ဖျော်ဖြေရေးပလက်ဖောင်းဖြစ်သော TV 360 by Mytel ကို ၂၀၂၅ခုနှစ် ဩဂုတ်လတွင် သုံးစွဲသူများထံသို စတင်မိတ်ဆက်ခဲ့ပါတယ်။TV360 မှာ ကဏ္ဍစုံလင် ရသစုံလင်သော ဖျော်ဖြေမှုပေါင်းမျိုးစုံကို တစ်နေရာတည်းမှာတင် ကြည့်ရှုခံစားလိုရမယ့် OTT TV Application တစ်ခုဖြစ်ပါတယ်။

TV360 အက်ပလီကေးရှင်းတွင် ကလေးများအတွက် ပညာရေးဆိုင်ရာ သင်ကြားပိုချမှုများ၊ အပန်းဖြေရန် ကာတွန်းကားပေါင်းများစွာကို ကြည့်ရှုနိုင်သလို လူငယ်တွေအကြိုက် Live TV၊ အားကစားမျိုးစုံ၊ Esports၊ အလှအပဆိုင်ရာ၊ ဂီတ၊ Karaoke၊ အစားအသောက်များ၊ Discovery ၊ နာမည်ကြီး ကိုရီးယားဒရာမာများ၊ ရုပ်ရှင်ဇာတ်ကားပေါင်းစုံ နှင့် စိတ်ဝင်စားဖွယ်ရာ ရုပ်သံလိုင်းများအပြင် လူကြီးတွေအတွက် တရားဓမ္မများ၊ လွမ်းမောတသဖွယ် ခေတ်ဟောင်းရုပ်ရှင်ကောင်းများ အစရှိသဖြင့် ချန်နယ်လိုင်းပေါင်းများစွာ တစ်နေရာတည်းမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Fortune TV, Mahar, MRTV, MRTV-4 နှင့် Channel 7 အစရှိတဲ့ ချန်နယ်တွေကိုလည်း ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

လွှင့်ပြီးသား TV Show များကိုပြန်လည်ကြည့်ရှုနိုင်သလို ကြည့်ချင်တဲ့ ဇာတ်ကားလေးတွေကိုလည်း Save Later, Download များ လုပ်ထားလိုရပါတယ်။ ဖုန်းအပြင် Tablet, Laptop, TV အစရှိတဲ့ Device ပေါင်းစုံကနေလည်း ဝင်ရောက်ထားလို့ရပါတယ်။

ဖုန်းနံပါတ်လေးတစ်လုံးရှိရုံနဲ့ အကောင့်ကို လွယ်ကူရိုးရှင်းစွာပဲဖွင့်နိုင်ပြီး OTT TV Application ကို Google Play Store နှင့် Apple App Store မှာ Download ရယူကာ အသုံးပြုနိုင်ကြောင်းသိရှိရပါတယ်။

You May Also Like

More From Author