မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Mytel သည် ဇွန်လ (၉) ရက်နေ့တွင် Mytel (၇)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့်အတူ Mytel၏ ပထမဦးဆုံး AI နည်းပညာသုံး Brand Ambassador များဖြစ်ကြသော “Mi Mi” နှင့် “Mike Mike” တို့ကိုတရားဝင် မိတ်ဆက်ခဲ့ပါတယ်။
“Mi Mi” နှင့် “Mike Mike” တို့မှာ ရိုးရှင်းတဲ့ ဒစ်ဂျစ်တယ် ဇာတ်ကောင်နှစ်ဦး မဟုတ်ဘဲ AI နည်းပညာကို အသုံးပြုပြီး Mytel နဲ့ သုံးစွဲသူတွေကြားကို ချိတ်ဆက်ပေးမှာဖြစ်သလို၊ ဝန်ဆောင်မှုတွေ ပေးမယ်၊ ဗဟုသုတတွေ မျှဝေပေးမယ်၊ ပြီးတော့ သုံးစွဲသူတွေရဲ့ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။
ယခုကစပြီး Mytel ရဲ့ ပရိုမိုးရှင်း ကမ်ပိန်းတွေ၊ ဝန်ဆောင်မှုတွေ၊ မိုဘိုင်းအင်တာနက်၊ ကိုယ်ပိုင်စိတ်ကြိုက် package တွေ၊ Mytel ရဲ့ ဝန်ဆောင်မှုအသစ်များ၊ ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ ပရိုမိုးရှင်းအစီအစဉ်အားလုံးကို “Mi Mi” နှင့် “Mike Mike” တို့ကနေတဆင့် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အမြန်နှုန်းမြင့် မိုဘိုင်းအင်တာနက်၊ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဒေတာပက်ကေ့ချ်တွေ၊ သင့်တင့်တဲ့ နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု နှုန်းထားတွေ၊ အရေးကြီးတဲ့ Update တွေနဲ့ ပရိုမိုးရှင်းတွေ ဒီအချက်အလက်အားလုံးကို “Mi Mi” နှင့် “Mike Mike” တို့ကတစ်ဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။
သိလိုတာတွေ၊ မေးစရာတွေရှိရင် “Mi Mi” နှင့် “Mike Mike” တို့ကို လွတ်လပ်စွာ မေးမြန်းနိုင်မှာဖြစ်ကြောင်းသိရပါတယ်။





