ကိုဗစ်ရောဂါကူးစက်မှုကြောင့် အိမ်ကနေ တင်ဆက်မှုပြုလုပ်မယ့် Ed Sheeran

Estimated read time 1 min read

#WorldEntertainment

Published – 25 October 2021

ဗြိတိန်နာမည်ကြီးအဆိုတော် Ed Sheeran ဟာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် အခြားလူတွေနဲ့ ခွာနေရတော့မှာဖြစ်ပြီး အင်တာဗျူးတွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို အိမ်ကနေ ပြုလုပ်သွားမယ်လို့ ပြောသွားပါတယ်။

အသက် ၃၀ ရှိပြီဖြစ်တဲ့ Sheeran ဟာ သူ့ရဲ့သီချင်းအယ်လ်ဘမ်အသစ်မထွက်ခင် လူမှုကွန်ရက်ပေါ်မှာ ဒီသတင်းကိုကြေညာလိုက်တာဖြစ်ပါတယ်။

“ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် အစိုးရထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းလိုက်နာပြီး သီးခြားခွဲနေရတော့မယ်လို့ ပရိသတ်တွေကို အသိပေးချင်ပါတယ်”လို့ အင်စတာဂရမ်မှာပြောထားပါတယ်။

“လူကိုယ်တိုင် ဆောင်ရွက်ရမယ့် အစီအစဉ်တွေ အခုဆက်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အင်တာဗျူးတွေ တင်ဆက်မှုတွေကို အိမ်ကနေပဲ တတ်နိုင်သလောက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်ကြောင့် စိတ်ပျက်သွားရရင် တောင်းပန်ပါတယ်”လို့ ဆိုပါတယ်။

Sheeran ဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ NBC တီဗီချန်နယ်ကလွှင့်မယ့် Saturday Night Live အစီအစဉ်မှာ ဧည့်သည်အဆိုတော်အဖြစ်ပါဝင်ဖို့ ကြေညာထားပြီးဖြစ်ပါတယ်။

တင်ဆက်မှုတွေကို ပယ်ဖျက်ပြီး ဘယ်လိုအစီအစဉ်တွေကို အိမ်ကနေပြုလုပ်မယ်ဆိုတာကို တာဝန်ရှိသူတွေက မပြောသွားပါဘူး။

Sheeran ရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ဧပရယ်လမတိုင်ခင်အထိ ဘာဖျော်ဖြေတင်ဆက်မှုမှ မတင်ထားပါဘူး။
ဂရမ်မီဆု ၄ ကြိမ်ရရှိထားတဲ့ Sheeran ရဲ့ သီချင်းအယ်လ်ဘမ်အသစ်က Equals (=) လို့ နာမည်ပေးထားပါတယ်။

Source: AP News 

You May Also Like

More From Author