မြန်မာနိုင်ငံတွင် ၂၀၂၅ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ရစ်ချက်စတာစကေးရှိအင်အားပြင်းငလျင်ကြီးလှုပ်ခတ်အပြီး Mytel မှ (၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသော မန္တလေးတိုင်းဒေသကြီးမှ ထိခိုက်ခံစားခဲ့ရသော မိသားစုများ အိမ်ယာများ ပြန်လည်တည်ဆောက်နိုင်ရန် ဇွန်လအစောပိုင်းရက်များတွင် ယာယီကယ်ဆယ်ရေးအိမ် ၃၀ ကျော်ကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ယာယီလူနေအိမ်လွှဲပြောင်းပွဲ အခမ်းအနားသို့ မန္တလေးမြို့ ဒေသခံတာဝန်ရှိသူများနှင့် ပြည်သူလူထု များ တက်ရောက်ခဲ့ကြပါသည်။
Mytel မှ Mini Store များကို ယာယီအိမ်များအဖြစ် ဖန်တီးပြီး စီမံဆောက်လုပ်ပေးသည့်အပြင် Mobile Toilet နှင့် ပန်ကာများကိုလည်း လှူဒါန်းခဲ့ပါသေးသည်။ ထို့ပြင် မိသားစုများအတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများဖြစ်သည့် Mytel T-shirt များ၊ ရေဘူးများ၊ ခွက်များ၊ ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့် နှင့် နေ့လည်စာ ထမင်းဘူးများကိုလည်း လှူဒါန်းခဲ့ပါသည်။
Mytel မှအနာဂတ်တွင်လည်း မြန်မာနိုင်ငံအတွင်း လိုအပ်နေသည့်ဒေသများ၊ လိုအပ်နေသည့် မိသားစုများအတွက် ဆက်လက်ပံ့ပိုးသွားမှာဖြစ်ကြောင်းသိရပါသည်။





+ There are no comments
Add yours