Snowdrop ဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင်ဂင်မ်မီဆူ ကွယ်လွန်

Estimated read time 1 min read
0 0
Read Time:1 Minute, 26 Second

#WorldSociety

Published 5 January 2022

လက်ရှိထုတ်လွှင့်ပြသနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲ Snowdrop မှာ ဇာတ်ရံနေရာမှ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးဂင်မ်မီဆူဟာ အသက် ၃၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
Osen မီဒီယာရဲ့ တင်ပြချက်အရ သရုပ်ဆောင်ဂင်မ်မီဆူဟာ အသက် ၃၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ မဖော်ပြထားပါဘူး။
ဈာပနအခမ်းအနားကို Sungsim အသုဘနေရာမှာ စီစဉ်ထားပါတယ်။
ဂင်မ်မီဆူရဲ့ Landscape Entertainment အေဂျင်စီက ဂင်မ်မီဆူကွယ်လွန်မှုကို အတည်ပြုလိုက်ပါတယ်။
ဂင်မီဆူ ကွယ်လွန်ခဲ့တဲ့အတွက် ကျန်ရစ်သူမိသားစုက အလွန်ကြေကွဲနေရပါတယ်။
ကျန်ရစ်သူမိသားစုရဲ့ ဆန္ဒအရ ဈာပနပွဲကို တိတ်တိတ်ဆိတ်ဆိတ်သာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဂင်မ်မီဆူဟာ Snowdrop ဇာတ်လမ်းတွဲမှာ ယော်ဂျန်မင်နေရာမှ ပါဝင်သရုပ်ဆောင်ထားပြီး Blackpink အဖွဲ့မှ ဂျီဆူသရုပ်ဆောင်ထားတဲ့ အွန်ယောင်ရိုရဲ့ အဆောင်နေအခန်းဖော်တစ်ဦးဖြစ်ပါတယ်။
Hellbound, Yumi’s Cells, Hi, Bye Mama ဇာတ်ကားတွေမှာလည်း ဂင်မ်မီဆူက ပါဝင်သရုပ်ဆောင်ထားပါတယ်။
Source: Koreaboo

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *