အပြောင်းအလဲတွေနဲ့ အတူထွက်ရှိလာတော့မယ့် Emily in Paris (Season 2)

Estimated read time 1 min read
0 0
Read Time:2 Minute, 35 Second

#WorldEntertainment
Published – 23 December 2021

Lily Collins ပါဝင်သရုပ်ဆောင်ထားတဲ့ Emily in Paris Season 2 က စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲတွေနဲ့အတူ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီ Season မှာတော့ အမျိုးသားသရုပ်ဆောင်တွေ ပိုမိုပါဝင်လာပြီး ပဲရစ်မြင်ကွင်းတွေကိုလည်း ပိုမိုမြင်တွေ့ရမှာဖြစ်ပါတယ်။
Emily in Paris ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ Darren Star က ဒီဇာတ်လမ်းမှာ Emily က သူ့ဘာသာရပ်တည်ရတော့မှာ ဖြစ်တယ်လို့ အော်ပရာမဂ္ဂဇင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

“Season 2 မှာ Emily က ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေေနဲ့ ကြုံတွေ့ပုံတွေကို မြင်တွေ့ရမှာပါ။ ပဲရစ်မြို့သူတစ်ဦးနဲ့ ပိုပြီးဆင်တူလာပါတယ်။ အဲဒီမှာအခြေချပြီး သူ့ဘာသာရုန်းကန်လှုပ်ရှားရမှာ ဖြစ်ပါတယ်” လို့ Darren Star က ရှင်းပြထားပါတယ်။

Lucien Laviscount နဲ့ Arnaud Binard တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် Emily ရဲ့အချစ်ရေးကိစ္စဟာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာပါတယ်။

Alfie အဖြစ်သရုပ်ဆောင်ထားတဲ့ Lucien Laviscount က နေရာတကာအဆိုးမြင်တတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဗြိတိန်လူမျိုးဘဏ်အရာရှိဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြင်သစ်စကားမပြောချင်တဲ့အပြင် ပြင်သစ်စရိုက်တွေ မကူးစက်လာအောင် ကျင့်ကြံနေတဲ့သူဖြစ်ပြီး Emily နဲ့ လိုက်ဖက်ညီလောက်မယ့်လူ ဖြစ်ပါတယ်။
မီဒီယာရှင်းလင်းပွဲမှာ Netflix ရဲ့ပြောကြားချက်အရ Season 2 မှာ Saint Tropez မြို့နဲ့ အခြားနေရာများစွာမှာ ရိုက်ကူးထားပါတယ်။

ဆွဲဆောင်မှုအားကောင်းတဲ့ Laurent အဖြစ် Arnaud Binard က သရုပ်ဆောင်ထားပြီး Saint Tropez နိုက်ကလပ်ပိုင်ရှင်ဖြစ်ကာ အရောင်းမြှင့်တင်ရေးအတွက် Emily ကို အလုပ်ခန့်လိုက်တဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် Jeremy O. Harris နဲ့ Jean-Christophe Bouvet တို့လည်း ပါဝင်ထားပြီး William Abadie ကလည်း ဇာတ်လမ်းတွဲတလျှောက် ပါဝင်နေပြီဖြစ်ပါတယ်။

Ashley Park ရဲ့ Mindy ဇာတ်ကောင်မှာလည်း ပြောင်းလဲမှုအများကြီး ပါဝင်ထားပါတယ်။”Season 2 မှာ အချစ်ရေးကိစ္စတွေ အများကြီး ပါဝင်လာမှာဖြစ်ပါတယ်။ Mindy လည်း ဒီကိစ္စတွေမှာ ပါဝင်လာပြီး အပြောင်းအလဲတွေ ဖြစ်လာမှာပါ” လို့ Ashley Park က ပြောသွားပါတယ်။
Source: E!Online 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *