ဘေ့စ်ဘောပွဲစဉ်တစ်ခုမှာ မျက်နှာဖောင်းကားနေတာကြောင့် အလှောင်ခံနေရတဲ့ တွမ်ခရုစ်

Estimated read time 1 min read
0 0
Read Time:2 Minute, 51 Second

#WorldEntertainment
Published 12 Oct 2021

ဘေ့စ်ဘောပွဲတစ်ပွဲမှာ တွမ်ခရုစ်ကို သူ့သားဖြစ်သူကော်နာနဲ့အတူ တွေ့ရပြီး အရင်ကနဲ့ တော်တော်လေးခြားနားနေတာကို မြင်တွေ့လိုက်ရပါတယ်။Top Gun ဇာတ်ကားက သရုပ်ဆောင်တွမ်ခရုစ်ဟာ သူ့ရဲ့အကောင်းဆုံးအချိန်တွေတုန်းက မေးရိုးထင်ထင်ရှားရှားရှိခဲ့တာကို သိကြမှာပါ။

အခုလက်ရှိမြင်တွေ့လိုက်ရတဲ့ပုံစံကတော့ အရင်ကနဲ့ယှဉ်ရင် အတိတ်မှာကျန်ခဲ့ပြီဖြစ်ပေမယ့် သူ့ပရိသတ်တွေအတွက်ကတော့ ဆွဲဆောင်မှုရှိမြဲဖြစ်ပါတယ်။ဆိုရှယ်မီဒီယာတွေပေါ်မှာ ဒီပွဲစဉ်က ဓာတ်ပုံတွေတက်လာပြီးတဲ့အခါမှာတော့ အင်တာနက်ပေါ်မှာ အပုတ်ချချင်သူများက တွမ်ခရုစ်ရဲ့မျက်နှာဖောင်းကားနေတာကို လှောင်ပြောင်နေကြတာဖြစ်ပါတယ်။

အခြားနာမည်ကြီးတွေလည်း ဒီလိုမျိုးမကောင်းတဲ့မှတ်ချက်တွေနဲ့ ကြုံတွေ့ရပြီး အလှောင်ပြောင်ခံရဖူးကြပါတယ်။လီယိုနာဒိုဒီကာပရီယိုဆိုရင် ၂၀၁၄ခုနှစ် အပန်းဖြေခရီးထွက်တုန်းက ဗိုက်ကြွက်သားတွေမပေါ်တဲ့အတွက် ဆိုရှယ်မီဒီယာမှာ လှောင်ရယ်ခြင်းခံခဲ့ရပါတယ်။

ဗင်ဒီဇယ်ဆိုရင်လည်း ၂၀၁၅ ခုနှစ်က ရိုက်ထားတဲ့ပုံတွေမှာ ဗိုက်ရွှဲနေလို့ အလှောင်ခံခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်က ရေဒီယိုရှိးတစ်ခုမှာဆိုရင် ဟောင်းဝပ်စတန်းက ဆမ်စမစ်ကို “ငါဒီကောင့်ကို ဘာလို့သဘောကျတာလဲဆိုတော့ ဝတုတ်လေးမို့လိုပဲ”ဆိုပြီး လှောင်ပြောင်ဖူးပါတယ်။

ရော့ဘ်ကာဒါရှန်ဆိုရင် သူ့အစ်မတွေလိုခန္ဓာကိုယ်မျိုး မရှိတာကြောင့် နှိင်းယှဉ်ပြောဆိုခံနေရပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့က လော့စ်အိန်ဂျလိစ်ဒေါ့ဂျာစ်အသင်းနဲ့ ဆန်ဖရန်စစ္စကိုဂျိုင်းယန့်အသင်းတို့ယှဉ်ပြိုင်ခဲ့ကြတဲ့ နေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ် ၂ မှာ ဓာတ်ပုံရိုက်ခံခဲ့ရတဲ့ တွမ်ခရုစ်ရဲ့မျက်နှာက အင်တာနက်မှာ လူပြောများနေခဲ့ပါတယ်။

တွမ်ခရုစ်ကတော့ သူ့ပုံစံအတိုင်း ယုံကြည်မှုရှိရှိ ရယ်ပြုံးလျက် ပရိသတ်တွေကိုလက်ပြနှုတ်ဆက်ကာ ပြိုင်ပွဲကိုအားပေးနေခဲ့ပါတယ်။ဆယ်လ်ဖီဓာတ်ပုံရိုက်ဖို့ တောင်းဆိုတာတောင် သဘောထားပြည့်ဝစွာ လက်ခံပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း အင်တာနက်ပေါ်ကို ဒီပုံတွေရောက်သွားတာနဲ့ ဒီနာမည်ကြီးသရုပ်ဆောင်ရဲ့မျက်နှာနဲ့ ပတ်သက်ပြီး မကောင်းတဲ့မှတ်ချက်တွေ ပျံ့နှံ့သွားပါတယ်။
Source Meaww

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *