BTS နဲ့ Coldplay တို့ ပူးပေါင်းသီဆိုထားတဲ့ My Universe သီချင်းက ဒီနှစ်အတွက်အကောင်းဆုံးသီချင်းဖြစ်တယ်လို့ ပရိသတ်တွေချီးမွမ်းနေကြ

Estimated read time 1 min read
0 0
Read Time:1 Minute, 39 Second

#WorldEntertainment
Published -12 Oct 2021

တောင်ကိုရီးယားက နာမည်ကျော်အဆိုတော်အဖွဲ့ BTS နဲ့ ဗြိတိန်အဆိုတော်အဖွဲ့ Coldplay တို့ ပူးပေါင်းတင်ဆက်ထားတဲ့ သီချင်းအသစ်ဟာ အကောင်းဆုံးတွဲဖက်သီဆိုမှုဖြစ်တယ်လို့ BTS ပရိသတ်တွေက ချီးမွမ်းနေကြပါတယ်။

နာမည်ကြီးအဆိုတော်အဖွဲ့နှစ်ဖွဲ့တို့ ပူးပေါင်းဖန်တီးထားတဲ့ My Universe သီချင်းကို စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး အင်္ဂလိပ်စာသားရော ကိုရီးယားစာသားတွေနဲ့ပါ ရေးစပ်ထားတဲ့ သီချင်းဖြစ်ပါတယ်။
Max Martin တေးဂီတထုတ်လုပ်ရေးမှ ထုတ်လုပ်ထားတဲ့ ဒီသီချင်းဗီဒီယိုဟာ စက်တင်ဘာ ၂၄ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေက သူတိုနှစ်ဖွဲ့ရဲ့ပူးပေါင်းတင်ဆက်မှုအတွက် ဝမ်းသာအားရဖြစ်နေကြပါတယ်။

ဒီသီချင်းဟာ မကြာခင်ထွက်ရှိမယ့် Coldplay ရဲ့ Music of the Spheres အယ်လ်ဘမ်မှာ ပါဝင်လာမှာဖြစ်ပါတယ်။ပရိသတ်တွေရဲ့ သီချင်းအပေါ် ထင်မြင်ချက်တွေကတော့…”Coldplay ရဲ့တေးဂီတက ဘဝအကြောင်းတွေပါဝင်ပြီး BTS ရဲ့သီချင်းကတော့ ချစ်ခြင်းမေတ္တာတွေပါဝင်ပါတယ်။

သူတိုနှစ်ဖွဲ့က အရမ်းအတွဲညီတယ်”
“မနားတမ်းနားထောင်ချင်နေတယ်”
“ငါ့အတွက်တော့ အိပ်မက်တွေတကယ်ဖြစ်လာသလိုပဲ”
“ဒီသီချင်းက ဒီနှစ်အတွက်အကောင်းဆုံးသီချင်းပဲ။ ငါ့အမြင် ပြောင်းသွားမှာမဟုတ်ဘူး” ဆိုပြီး ချီးမွမ်းထားကြပါတယ်။
Source INDEPENDENT

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *