၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဖျော်ဖြေပွဲပြန်လည်ပြုလုပ်ခဲ့တဲ့ BTS

Estimated read time 1 min read
0 0
Read Time:3 Minute, 23 Second

#WorldEntertainment
Published – 30 November 2021

တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့ BTS က လော့စ်အိန်ဂျလိစ်ရှိ ဆိုဖိုင်ဖျော်ဖြေရေးကွင်းကြီးမှာ Permission to Dance သီချင်းအယ်လ်ဘမ်နဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

Army လိုခေါ်တဲ့ BTS ပရိသတ်ထောင်ပေါင်းများစွာက ဖျော်ဖြေရေးကွင်းပတ် ပတ်လည်ကနေ နေရာယူပြီး RM, Jin, V, J-Hope, Suga, Jimin နဲ့ Jungkook တို့ရဲ့ အလန်းစားကပြဖျော်ဖြေမှုတွေကို အားပေးကြည့်ရှုခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က BTS အဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ကပ်ရောဂါကြောင့် live ဖျော်ဖြေတင်ဆက်မှုတွေ မပြုလုပ်နိုင်တာကြာပြီဖြစ်တာကြောင့် အခုလိုပြန်လည်ဖျော်ဖြေခွင့်ရတာဟာ အလွန်ပျော်ရွှင်မိတယ်လို့ ပြောကြားသွားကြောင်း CNN က ဖော်ပြထားပါတယ်။

“၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရိသတ်ရှေ့မှာ ပြန်လည်ဖျော်ဖြေခွင့်ရတာ အရမ်းဝမ်းသာမိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အပြောင်းအလဲတွေဖြစ်ခဲ့ပြီး အရာရာက ပုံမှန်မဟုတ်တော့ပါဘူး။ အားလုံးအတွက် ခက်ခဲနေမှာပါ”လို့ V က ပြောသွားပါတယ်။
တခြားအဖွဲ့ဝင်ဖြစ်သူ Suga က ဖျော်ဖြေပွဲနေ့မတိုင်ခင်နေ့က စင်ပေါ်ရောက်တဲ့အချိန်မှာ ဒါတကယ်ဖျော်ဖြေခွင့်ရတာလား အိပ်မက်မက်နေတာလားလို့ ထင်မိကြောင်း ဆိုပါတယ်။

“ကိုဗစ်ကာလအတွင်း အဖွဲ့အနေနဲ့လည်း ခက်ခဲနေခဲ့ပါတယ်။ စိတ်ဓာတ်ကျပြီး အားမရှိတော့သလိုပါပဲ။ ဒီအခက်အခဲတွေကို ဖြေဖျောက်ဖို့ကြိုးစားရင်း Dynamite, Butter စတဲ့သီချင်းတွေနဲ့ Be, Permission to Dance သီချင်းအယ်လ်ဘမ်တွေကို ကြိုးစားထုတ်လုပ်ခဲ့ပါတယ်။ အခက်အခဲဒုက္ခတွေကြုံတွေ့နေရတဲ့ လူတွေအတွက် စိတ်သက်သာရာရစေဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးပမ်းသီဆိုတင်ဆက်နေခဲ့ပါတယ်”လို့ Jimin က ပြောသွားပါတယ်။

“ကျွန်တော်တို့ဖန်တီးတင်ဆက်ထားတဲ့ သီချင်းတွေကို အများကြီးအားပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့လည်း အားရဝမ်းသာရပါတယ်။ ဒါကြောင့် ဖျော်ဖြေတင်ဆက်ပွဲမှာ အစွမ်းကုန်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်”လို့ Jungkook က ဆိုပါတယ်။

BTS အဖွဲ့ဟာ အခုနှစ် အကောင်းဆုံးပေါ့ပ်အဖွဲအဖြစ် ဂရမ်ဆုရဖို့ လျာထားခြင်းခံထားရပါတယ်။”ကျွန်တော်တို့အဖွဲ့က ဂရမ်ဆုတစ်ခါမှမရဖူးပါဘူး။ ဒါကြောင့်ဆုရမယ်ဆိုရင် ဂုဏ်ယူစရာဖြစ်လာမှာပါ”လို့ Jin က ရင်ဖွင့်သွားပါတယ်။

BTS အဖွဲ့ဟာ ၂၀၁၈ ခုနှစ်က Love Yourself:Answer နဲ့ Love Yourself:Tear အယ်လ်ဘမ်တို့နဲ့အတူ ကမ္ဘာကျော်ကြားလူသိများလာတာဖြစ်ပါတယ်။Coldplay နဲ့ ပူးပေါင်းသီဆိုမှုဟာလည်း အတော်အောင်မြင်မှုရခဲ့ပြီး တခြားနာမည်ကြီးအနုပညာရှင်များစွာနဲ့လည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။

“ကျွန်တော်တို့အောင်မြင်မှုရဲ့ ၅၀ ရာခိုင်နှုန်းက ပရိသတ်တွေကို ရည်ညွှန်းချင်ပါတယ်။ အောင်မြင်မှုအလုံးစုံက ကျွန်တော်တို့အတွက်ချည်းပဲ မဟုတ်ပါဘူး”လို့ RM က ကျေးဇူးတင်စကားပြောကြားသွားပါတယ်။

Source: CNN

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *