တိုနီဘန်းနက် အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့အပေါ် လေဒီဂါဂါက ပူဆွေးဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောကြား

Estimated read time 1 min read
0 0
Read Time:2 Minute, 30 Second

#WorldEntertainment

Published – 25 November 2021

လေဒီဂါဂါနဲ့ တိုနီဘန်းနက်တို့ ဟာ ဆယ်စုနှစ်ကျော်ကြာတဲ့အထိ ခင်မင်ရင်းနှီးခဲ့ကြတာကြောင့် သူတို့ ရဲ့ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ရပါတယ်။

ကိုးလ်ပေါ်တာအမှတ်တရအဖြစ် Love For Sale သီချင်းအယ်လ်ဘမ်ဖြင့် ဒီအဆိုတော်နှစ်ယောက်ဟာ ၆ ကြိမ်မြောက်ဂရမ်မီဆုကို ရရှိခဲ့ကြပါတယ်။

ဆုလက်ခံရယူပြီးနောက် လေဒီဂါဂါက BBC Radio 2 ကထုတ်လွှင့်တဲ့ The Zoe Ball Breakfast ပွဲအစီအစဉ်မှာ ဘန်းနက်ဟာ အယ်လ်ဇိုင်းမား သက်ကြီးရောဂါခံစားရတဲ့အကြောင်းကို ထည့်သွင်းပြောကြားသွားပါတယ်။

ဘန်းနက်ကတော့ သူ့မှာဒီရောဂါရှိနေကြောင်း ဖေဖော်ဝါရီလက ဖွင့်ပြောခဲ့ပါတယ်။
“တိုနီက ကျွန်မအခင်မင်ဆုံးသူတွေထဲက တစ်ယောက်ပါ။ သူ့မိသားစုဝင်တွေနဲ့လည်း အလွန်ရင်းနှီးပါတယ်။ သူ့ဇနီးဆူဆန်ကိုလည်း အရမ်းချစ်ခင်ပါတယ်။ ကျွန်မ သူ့ဆီကအများကြီး သင်ယူလိုက်ရတယ်။ ဒီလိုဂန္ဓဝင်အဆိုတော်ကြီးနဲ့ နှစ်ပေါင်းများစွာ သီဆိုခဲ့ရတယ်။ သူအခုအယ်လ်ဇိုင်းမားရောဂါခံစားရတာကို မြင်တော့ အရမ်းကြေကွဲမိပါတယ်”လို့ လေဒီဂါဂါကဆိုပါတယ်။

အယ်လ်ဇိုင်းမားရောဂါ၊ သူငယ်ပြန်ရောဂါ ခံစားရသူတွေဟာ သီချင်းနားထောင်နေရင် ရောဂါသက်သာလာတတ်ကြောင်း လေဒီဂါဂါကဆိုပါတယ်။

“ကိုယ်နှစ်သက်ခင်မင်တဲ့သူနဲ့ ရှိနေတုန်း အရင်ကသီချင်းတွေကို နားထောင်သီဆိုလိုက်ရင် မမျှော်လင့်ဘဲ ငယ်သွားသလိုခံစားရပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ မတူညီတဲ့သူတွေလည်း ရှိတယ်ဆိုတော့။ ဘန်းနက်က အယ်လ်ဇိုင်းမားရောဂါခံစားရင်းနဲ့ ဒီသီချင်းအယ်လ်ဘမ်ကို ဆိုခဲ့ကြတာပါ။ သူပြီးမြောက်အောင် သီဆိုနိုင်ခဲ့တော့ ကျွန်မအံ့အားသင့်မိတယ်”လို့ ပြောပါတယ်။

လေဒီဂါဂါနဲ့ တိုနီဘန်းနက်တို့ ဟာ ၂၀၁၅ တုန်းက Cheek to Cheek အယ်လ်ဘမ်နဲ့ အကောင်းဆုံးတေးသံစဉ်ဆုကိုလည်း ရရှိခဲ့ပါတယ်။

CBS တီဗီချန်နယ်ကနေ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပြသမယ့် One Last Time: An Evening with Tony Bennett and Lady Gaga ဆိုတဲ့ တီဗီအစီအစဉ်မှာလည်း သူတို့ နှစ်ယောက်ပါဝင်တင်ဆက်ထားပါတယ်။

Source: CNN

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *