Blackpink အဖွဲ့က Lisa ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတခြားအဖွဲ့ဝင်တွေလည်း ဆေးစစ်ချက် အဖြေစောင့်ဆိုင်းလျက်ရှိ

Estimated read time 1 min read
0 0
Read Time:1 Minute, 31 Second
Published 24 November 2021
 
တောင်ကိုရီးယားက နိုင်ငံကျော်အဆိုတော်အဖွဲ့ Blackpink ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ဟာ ကိုဗစ်ရောဂါကူးစက်ခံရကြောင်း ဗုဒ္ဓဟူးနေ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အေဂျင်စီကဆိုပါတယ်။
 
အဖွဲ့ဝင် ၄ ယောက်ပါဝင်တဲ့ ဒီအဖွဲ့က Rose, Jennie, Jisoo တို့ဟာ Lisa နဲ့ နီးနီးကပ်ကပ်ရှိမနေခဲ့ပေမယ့်လည်း PCR test စစ်ဆေးချက်အဖြေကို စောင့်ဆိုင်းနေကြောင်း YG Entertainment က ဆိုပါတယ်။
 
ကုမ္ပဏီကတော့ ကျန်းမာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတွေထံ သတင်းတင်ပို့ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ရဲ့ ညွှန်ကြားချက်တွေထက်တောင် ပိုမိုကြပ်မတ်စွာ ရောဂါကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
 
တောင်ကိုရီးယားနိုင်ငံမှာ အချိန်တိုင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ရောဂါပြင်းထန်စွာခံစားရမှုတွေ ကြုံတွေ့နေရပါတယ်။
 
အစိုးရအဖွဲ့က ကိုဗစ်ရောဂါနဲ့အတူ နေ့စဉ်ဘဝကို ရင်ဆိုင်ဖြတ်သန်းသွားဖို့ဆုံးဖြတ်ထားပြီး ခပ်ခွာခွာနေထိုင်ခြင်းစတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ဖြေလျှော့လိုက်တဲ့အခါမှာတော့ အရေးပေါ်ကာကွယ်ရေးအစီအစဉ်တွေ ထိထိရောက်ရောက်ချမှတ်ဖို့ အစိုးရကို ဝိုင်းဝန်းတိုက်တွန်းနေကြပါတယ်။
 
Source: Yonhap News 
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *