အမေရိကန် တေးဂီတဖျော်ဖြေပွဲမှာ Coldplay နဲ့ BTS တို့ကို ပရိသတ်တွေက တခဲနက်အားပေးခဲ့ကြ

1 min read

#WorldEntertainment

အမေရိကန်တေးဂီတဆုပေးဖျော်ဖြေပွဲမှာ Coldplay နဲ့ BTS တို့ ပူးပေါင်းပြီး My Universe သီချင်းဖြင့် ပရိသတ်တွေကို အားရပါးရဖျော်ဖြေခဲ့ကြပါတယ်။

BTS အဖွဲ့ က ဆု ၃ ဆုရရှိခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆု၊ အကောင်းဆုံးပေါ့ပ်ဂီတအဖွဲ့ ဆုနဲ့ Butter သီချင်းဖြင့် အကောင်းဆုံးပေါ့ပ်သီချင်းဆုတို့ ရယူနိုင်ခဲ့ပါတယ်။
ထိုပွဲအခမ်းအနားကို လော့စ်အိန်ဂျလိစ်က မိုက်ခရိုဆော့ဖ်ဇာတ်ရုံကြီးမှာ ရက်ပါ Cardi B က အစီအစဉ်တင်ဆက်ခဲ့တာဖြစ်ပါတယ်။

Coldplay နဲ့ BTS အဖွဲ့ကိုကြေညာချိန်မှာ ထွက်ပေါ်လာတဲ့ ပရိသတ်အားပေးသံကြီးက Cardi B ရဲ့ အသံကိုတောင် ဖုံးလွှမ်းသွားခဲ့ပါတယ်။
Beyond The Scene လို့ ခေါ်တဲ့ BTS ကေပေါ့ပ်အဖွဲ့ က အဖွဲ့ ဝင်တွေကတော့ Jin, Suga, J-Hope, RM, Jimin, V နဲ့ Jungkook တို့ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ Love Yourself: Answer နဲ့ Love Yourself: Tear သီချင်းအယ်လ်ဘမ်တွေဖြင့် နိုင်ငံတကာအထိအားပေးမှုတွေ ရရှိလာခဲ့ပါတယ်။
Coldplay နဲ့ ပူးပေါင်းတင်ဆက်မှုက အကြီးအကျယ်အောင်မြင်မှုရခဲ့ပြီး Halsey, Ed Sheeran, Nicki Minaj နဲ့ Fall Out Boy တို့ လို အနုပညာရှင်တွေနဲ့လည်း ပူးပေါင်းသီဆိုခဲ့ဖူးပါတယ်။

Jennifer Lopez, Mickey Guyton, Bruno Mars နဲ့ Anderson .Paak, Carrie Underwood နဲ့ Jason Aldean, Kane Brown, Diplo, Bad Bunny, Tainy နဲ့ Julieta Venegas, Tyler, the Creator, Olivia Rodrigo, New Edition နဲ့ New Kids on the Block နဲ့အတူ အခြားအနုပညာရှင်တွေကလည်း ထိုပွဲအခမ်းအနားမှာ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

Source: CNN

You May Also Like

More From Author

+ There are no comments

Add yours