SNL အစီအစဉ်က ဇာတ်ညွှန်းရေးဆရာအသစ်တွေကို စနောက်ပြီး ဖျော်ဖြေမှုတွေလုပ်ခဲ့တဲ့ Taylor Swift နဲ့ Pete Davidson

1 min read

#WorldEntertainment

Published – 15 November 2021

မကြာသေးမီက လူပြောများနေတဲ့ Red(Taylor’s Version) နဲ့ သီချင်းဗီဒီယို ထွက်ရှိလာပြီးနောက် Taylor Swift တစ်ယောက်ဟာ Saturday Night Live(SNL) အစီအစဉ်မှာ ၅ ကြိမ်မြောက် ပါဝင်တင်ဆက်ခဲ့ပါတယ်။

ထိုအစီအစဉ်အပိုင်းကို သရုပ်ဆောင်မင်းသား Jonathan Majors က တင်ဆက်ခဲ့ပြီး SNL ကိုလာရောက်တဲ့ တေးဂီတဧည့်သည်တော်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု ၂ မျိုးအစား Taylor Swift က အရင်သီချင်းအယ်လ်ဘမ်ဟောင်းကို ပြန်လည်မွမ်းမံသီဆိုထားတဲ့အထဲက All Too Well ဆိုတဲ့သီချင်းကို ၁၀ မိနစ်စာ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

Taylor Swift ကိုယ်တိုင်က ၁၀ မိနစ်စာတင်ဆက်ဖို့ တောင်းဆိုခဲ့ရာမှာ တင်ဆက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
SNL အစီအစဉ်က ဇာတ်ညွှန်းဆရာ ၃ ယောက်ဖြစ်တဲ့ Ben Marshall, John Higgins နဲ့ Martin Herlihy တို့ကို Taylor Swift နဲ့ Pete Davidson တို့က ပူးပေါင်းပြီး ဟာသလုပ်သီဆိုခဲ့ကြပါတယ်။

“Ben က Ron Weasley ကြီး အမွှေးမရှိတော့သလိုမျိုး၊ Martin ကတော့ စာခြောက်ရုပ်လို ပုံစံမျိုး”ဆိုပြီး Taylor Swift က သီဆိုပြခဲ့ပါတယ်။

Davidson က သူတို့ ၃ ယောက်ကို လှောင်ပြောင်ပြီးတဲ့အခါမှာလည်း Taylor Swift က “ဒီလူပျိုကြီး ၃ ယောက်က ကောင်မလေးရှေ့မှာ အင်္ကျီချွတ်မပြရဲကြဘူး”လို့ သီဆိုလိုက်ပြီး ဇာတ်ညွှန်းဆရာတွေက ပုခုံးတွန့်ပြကာ “ဟုတ်တယ်”လို့ ပြန်ဆိုလိုက်ကြပါတယ်။

အလွန်ကြည့်ကောင်းတဲ့ Sesame Street ပြကွက်နဲ့ တခြားအပိုင်းတွေအပြင် Majors ရဲ့ ပြောစကားကလည်း သူ့ရဲ့ Marvel ဇာတ်ကောင်အကြောင်းနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာဖြစ်စေခဲ့ပါတယ်။
Source: CNN

You May Also Like

More From Author

+ There are no comments

Add yours