ဇာတ်ကားရိုက်ကူးစဉ် ကျည်ဆံထိမှန်သေဆုံးမှုတစ်ခုကြောင့် Rust ဇာတ်ကားအဖွဲ့သားတွေက Alec Baldwin နဲ့ ထုတ်လုပ်ရေးကလူတွေကို တရားစွဲဆို

Estimated read time 1 min read
0 0
Read Time:3 Minute, 57 Second

#WorldEntertainment

Published – 12 November 2021

Rust ဇာတ်ကားမှ ဇာတ်ဝင်ခန်းရိုက်ကူးနေစဉ် သေနတ်ကျည်ဆံထိမှန်ကာ ရုပ်ရှင်ဓာတ်ပုံပညာရှင်တစ်ယောက် သေဆုံးခဲ့မှုမှာ အဓိကကျခဲ့တဲ့ Alec Baldwin အပါအဝင် တာဝန်ရှိသူပုဂ္ဂိုလ်အများအပြားကို ရိုက်ကူးရေးအဖွဲ့သားတစ်ဦးဖြစ်တဲ့ Serge Svetnoy က တရားစွဲဆိုလိုက်ပါတယ်။

Svetnoy က လော့စ်အိန်ဂျလိစ်တရားရုံးမှာ ကုမ္ပဏီအများအပြားနဲ့ ဇာတ်ကားနဲ့ပတ်သက်တဲ့သူတွေ၊ ထုတ်လုပ်သူတွေနဲ့ အဖွဲ့သားနှစ်ဦးကို အမှုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ထိုတရားစွဲဆိုမှုမှာ Baldwin, လက်ထောက်ဒါရိုက်တာ David Halls, လက်နက်ထိန်းသိမ်းရေးမှူး Hannah Gutierrez Reed နဲ့ တခြားပေါ့ဆခဲ့တဲ့သူတွေကို စွပ်စွဲထားတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။
တရားစွဲဆိုမှုထဲမှာ ပြီးခဲ့တဲ့လက ဇာတ်ကားရိုက်ကူးစဉ် Baldwin ပစ်လိုက်တဲ့သေနတ်မှာ ကျည်အစစ်ပါဝင်နေခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာရှင် Halyna Hutchins က ကျည်ဆံထိမှန်ကွယ်လွန်ခဲ့ကာ ဒါရိုက်တာ Joel Souza ကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တရားရုံးမှတ်တမ်းတွေအရ Baldwin က သေနတ်ထဲမှာကျည်အစစ် မရှိဘူးလို့ပဲ ထင်နေခဲ့တယ်လို့ ပြောထားပါတယ်။အသက် ၄၂ နှစ်အရွယ် Hutchins ကို ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ပေမယ့် သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ကြပါတယ်။

အသက် ၄၈ နှစ်ရှိ Souza ကတော့ ပုခုံးကို ကျည်ဆံထိမှန်ခဲ့ပြီး အခုအခါသက်သာလာပြီဖြစ်ကြောင်း သိရပါတယ်။ရိုက်ကူးရေးမှာ အလင်းအမှောင်နည်းပညာကို ဦးစီးလုပ်ဆောင်ရတဲ့ Svetnoy က ထွက်လာတဲ့ကျည်ဆံဟာ သူ့နားကနေ သီသီလေးဖြတ်သွားခဲ့တယ်လို့ အမှုထဲမှာဖော်ပြထားပါတယ်။

အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့လက်နက် ထိန်းသိမ်းရေးမှူးကို မခန့်ခဲ့တဲ့အတွက် ဇာတ်ကားထုတ်လုပ်သူတွေကို အဓိကအပြစ်တင်ပြောဆိုထားပါတယ်။
“အဲဒီသေနတ်ထဲမှာ ကျည်ဆံအစစ်ရှိနေစရာ ဘာအကြောင်းမှမရှိပါဘူး။ ဇာတ်ကားရိုက်ကူးရေးနေရာမှာလည်း ကျည်ဆံအစစ်ရှိမနေသင့်ပါဘူး။ ဒီလိုကျည်အစစ်ရှိနေခြင်းဟာ ဒီမှာရှိနေတဲ့လူအားလုံးကို အသက်အန္တရာယ် ခြိမ်းခြောက်ရာရောက်တယ်”လို့ ဖော်ပြထားပါတယ်။

ဇာတ်ကားထုတ်လုပ်သူတွေအနေနဲ့ ရိုက်ကူးရေးမှာ ကျည်အစစ်ထားရှိခြင်းက ဥပဒေချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲထားပါတယ်။CNN က Baldwin, Halls နဲ့ Gutierrez Reed တို့ရဲ့ တာဝန်ရှိသူတွေနဲ့ Rust ဇာတ်ကားထုတ်လုပ်ရေးကုမ္ပဏီတို့ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းတော့ မရှိသေးပါဘူး။

Gutierrez Reed ရဲ့ရှေ့နေဖြစ်သူ Jason Bowles က ဖော်ပြချက်ထဲမှာ “သေတ္တာထဲမှာ ဘယ်သူက ကျည်အစစ်တွေလာထည့်ထားလို့ ရှိနေရတာလဲ။ ဒါသက်သက်မဲ့လုပ်ကြံတာဖြစ်ပြီး Hannah က မတရားအပြစ်တင်ခံနေရပါတယ်”ဆိုပြီး ပြန်လည်ပြောဆိုထားပါတယ်။

အမှုစွပ်စွဲချက်အရ Svetnoy နဲ့ Hutchins တို့က မိတ်ဆွေကောင်းတွေလို့ ယူဆလို့ရပြီး ၂၀၁၇ ခုနှစ်ကတည်းက ဇာတ်ကား ၉ ကားလောက်မှာ အတူတကွအလုပ်လုပ်ခဲ့ကြပါတယ်။”သူကွယ်လွန်ခါနီးအချိန်မှာ ကျွန်တော့်လက်ထဲမှာ ပွေ့လျက်ရှိနေခဲ့တယ်။ ကျွန်တော့်လက်မှာ သူ့သွေးတွေချည်းပဲ”လို့ Svetnoy က သူ့လုပ်ဖော်ကိုင်ဖက် သေဆုံးမှုအပေါ် ဝမ်းနည်းခံစားရမှုကို ဖေ့စ်ဘွတ်ပေါ်တင်ထားပါတယ်။

Source: CNN

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *