Squid Game Season 2 ထွက်လာမည်

Estimated read time 1 min read
0 0
Read Time:1 Minute, 45 Second

#WorldEntertainment

Published – 11 November 2021

Netfilx ကထုတ်လုပ်တဲ့ Squid Game ဇာတ်လမ်းတွဲစီစဉ်သူက တောင်ကိုရီးယားက ဇာတ်လမ်းတွဲအများစုဟာ Season ၁ ခုတည်းနဲ့ပြီးသွားတတ်ပေမယ့် လူကြိုက်များခဲ့တဲ့ ဒီဇာတ်လမ်းတွဲကတော့ Season 2 နဲ့အတူ ပြန်လာဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။]

“တစ်ကမ္ဘာလုံးမှာပါ နာမည်ကြီးကျော်ကြားခဲ့တာကြောင့် Season 2 ဆက်မထုတ်လို့ မဖြစ်တော့ဘူး” လို့ ဟွမ်ဒေါင်ဟော့ခ်က ဆိုပါတယ်။

“Season 2 ထွက်လာဖို့ အတော်များများက အားပေးမျှော်လင့်နေကြပြီး ဖိအားလည်းအရမ်းများပါတယ်”လို့ တနင်္လာနေ့ညက ပြုလုပ်ခဲ့တဲ့ Red Carpet ပွဲမှာပြောသွားပါတယ်။

“အခုကျွန်တော့်ခေါင်းထဲမှာ ဒီအကြောင်းပဲရှိပါတယ်။ လက်ရှိမှာ ကျွန်တော်စဉ်းစားစီစဉ်နေပါတယ်။ ဒါပေမဲ့ ဘယ်အချိန်ထွက်လာမှာလဲဆိုတာတော့ ပြောဖို့စောလွန်းနေပါသေးတယ်။ ဂီဟွန်းပြန်လာမယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်ပါတယ်။ ကမ္ဘာကြီးအတွက် သူတစ်ခုခုလုပ်ပေးပါလိမ့်မယ်”လို့ ဟွမ်က ရှင်းပြသွားပါတယ်။

Netflix ကတော့ Season 2 ထုတ်လုပ်ဖို့ တရားဝင်မကြေညာသေးပါဘူး။
အဲဒီဇာတ်လမ်းတွဲထဲမှာ ဆောင်ဂီဟွန်းအဖြစ်သရုပ်ဆောင်တဲ့ လီဂျန်ဂျယ်နဲ့ တခြားသရုပ်ဆောင်တွေဟာ ပိုက်ဆံအရမ်းလိုအပ်နေပြီး ကလေးကစားနည်းပေါင်းစုံပါဝင်တဲ့ ပြိုင်ပွဲတစ်ခုမှာ အသက်စွန့်ဆော့ကစားဖို့ လက်ခံယှဉ်ပြိုင်ကြရတဲ့ပုံစံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
Source: AP News

 

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *