#WorldEntertainment
Published- 10 November 2021
Travis Scott ရဲ့ ဖျော်ဖြေတင်ဆက်ပွဲတွေဟာ ရုန်းရင်းဆန်ခတ်တွေနဲ့ ပွဲဆူလေ့ရှိပါတယ်။
ဒါပေမဲ့ ၂၀၂၁ Astroworld ပွဲတော်မှာတော့ ထင်ထားတာထက် အလွန်သောင်းကျန်းမှုတွေ ရှိခဲ့တာကြောင့် ပထမဦးဆုံးညပွဲကို ရုတ်သိမ်းခဲ့ရပါတယ်။
ဖျော်ဖြေပွဲလုပ်တဲ့နေ့ကနေရာမှာ ပရိသတ်အုပ်လိုက်ကြီးက VIP ဝင်ပေါက်နေရာကနေ တိုးဝင်လာကြကာ ပျက်စီးမှုတွေဖြစ်ကုန်ပါတယ်။ဖျော်ဖြေရာနေရာရှေ့မှာတော့ လူပေါင်း ၅ သောင်းခန့်အထိ များပြားလာခဲ့ပါတယ်။
“ကျွန်တော့်ပရိသတ်တွေ ဗလောင်ဆူတာကိုမြင်ချင်တယ်။ ဘယ်သူတွေ လောင်ကြမှာလဲ”လို့ Scott က ပြောလိုက်ကြောင်း ရိုက်တာကဖော်ပြထားပါတယ်။
ပရိသတ်တွေကို စိတ်ပါလာအောင် အော်ဟစ်အားပေးခိုင်းတဲ့ အနုပညာရှင်တွေ အများကြီးရှိကြပါတယ်။
ဒါပေမဲ့ တက္ကဆက်စ်မှာဖျော်ဖြေခဲ့တဲ့ Travis ရဲ့ တင်ဆက်ပုံကတော့ ထိခိုက်ပျက်စီးမှုတွေရှိတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က Scott ရဲ့ဖျော်ဖြေပွဲမှာ ပရိသတ် ၅ သောင်းခန့်က စတိတ်စင်ဆီကို တိုးဝှေ့လာခဲ့ပြီး အနည်းဆုံး ၈ ယောက်သေဆုံးကာ အယောက် ၃၀၀ ဒဏ်ရာရခဲ့ပါတယ်။
ဖျော်ဖြေပွဲလာရောက်တဲ့သူတွေက တခဲနက်အုံကြွလာပြီး ရုန်းရင်းဆန်ခတ်တိုးဝှေ့မိခဲ့ကြတာကြောင့် သတိလစ်လဲကျသူတွေကို အသက်ကူနည်းတွေနဲ့ ကယ်ဆယ်ခဲ့ရတာကို မြင်တွေ့သူတွေရှိခဲ့ပါတယ်။
နာမည်ရင်း Jacques Webster ဖြစ်တဲ့ Scott က သူလည်းအတော်စိတ်ပျက်ခဲ့ရကြောင်း ပရိသတ်တစ်ဦးက အကူအညီလိုတာကို တွေ့လိုက်ရတဲ့အချိန်မှာ ဖျော်ဖြေပွဲကိုခေတ္တရပ်နားလိုက်ကြောင်း၊ လူနာတင်ကားတွေ့လိုက်တဲ့အခါမှာလည်း နောက်တစ်ခါရပ်နားလိုက်ကြောင်း ဗီဒီယိုတစ်ခုမှာ ပြောသွားပါတယ်။
ရပ်နားပြီးတဲ့အခါမှာ ဖျော်ဖြေမှုကိုပြန်လည်စတင်ခဲ့ပြီး တာဝန်ရှိသူတွေက ထိခိုက်ပျက်စီးမှုတွေကို ကြေညာအပြီးမှာ မိနစ် ၃၀ ခန့်ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။
ဒါပေမဲ့ Astroworld ကိုလာရောက်တဲ့ ပရိသတ်အုပ်ကြီးကတော့ ပွဲဆူတဲ့နေရာမှာပဲ သူ့နေရာနဲ့သူအစီအရီ အားပေးခဲ့ကြကြောင်း Rolling Stone အယ်ဒီတာချုပ် Noah Shachtman က ဆိုပါတယ်။
Scott ရဲ့ အရင်ဖျော်ဖြေပွဲတွေမှာလည်း ပရိသတ်အချို့နဲ့ လုံခြုံရေးတာဝန်ရှိသူတွေ ထိခိုက်ဒဏ်ရာရခဲ့ဖူးပြီး ၂ ယောက်အဖမ်းခံခဲ့ရပါတယ်။
ဖျော်ဖြေပွဲလာရောက်တစ်ဦးက Scott ရဲ့ဖျော်ဖြေပွဲတစ်ခုမှာ ပွဲကြည့်စင်အပေါ်ထပ်ကနေပြုတ်ကျပြီး လေဖြတ်ခဲ့တာကြောင့် တရားစွဲဆိုမှုလုပ်ခဲ့ပါတယ်။Scott နဲ့ စွပ်စွဲခံရသူတွေက စွပ်ဆွဲချက်တွေကို ငြင်းချက်ထုတ်ခဲ့တယ်လို့ တရားရုံးကဆိုပါတယ်။
Source: CNN
+ There are no comments
Add yours