Jennifer Lopez နဲ့ Ben Affleck တို့ ကလေးတွေအနာဂတ် နဲ့ပတ်သက်ပြီး စီစဉ်နေကြ

Estimated read time 1 min read

#WorldEntertainment

Published – 9 November 2021

Jennifer Lopez နဲ့ Ben Affleck တို့ဟာ ကြားရက်တွေမှာ အလုပ်ကိစ္စတွေနဲ့ မအားမလပ်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေခဲ့ကြပြီး အလုပ်ပိတ်ရက်တွေမှာတော့ နှစ်ယောက်သားတွေ့ဆုံကာ အတိုးချကြင်နာယုယနေခဲ့ကြပါတယ်။

လော့စ်အိန်ဂျလိစ်လေဆိပ်က လေယာဉ်ပြေးလမ်းနားမှာ သူတို့နှစ်ယောက်ပွေ့ဖက်အကြင်နာတွေပေးနေကြပုံကို E! သတင်းဌာနက ရိုက်ယူနိုင်ခဲ့ပါတယ်။

Jennifer Lopez ကို သူဝတ်နေကျပုံစံအတိုင်း သိုးမွေးကုတ်အင်္ကျီ ဂျင်းဘောင်းဘီအပြဲစတိုင် သားရေလက်ကိုင်အိတ်အနက် ဖိနပ်အထူဖြင့် တွေ့ရပြီး Ben ကိုတော့ ပိုလိုရှပ်အင်္ကျီအပေါ်မှာ ကုတ်အင်္ကျီအပါးဝတ်ထားတာကို တွေ့ရပါတယ်။

ပိတ်ရက်တွေမှာ သူတို့နှစ်ယောက်က ဘာလို့အဲဒီလောက်တောင် စိတ်လှုပ်ရှားစွာနဲ့ တွေ့ဆုံနေကြရတာလဲ သိချင်သူတွေရှိကြပါတယ်။

ကြားရက်တွေမှာ ဝေးကွာနေကြရတာကြောင့် တွေ့ရတဲ့အချိန်မှာ အရမ်းစိတ်လှုပ်ရှားနေကြတာဖြစ်နိုင်ပါတယ်။
“သူတို့ကိုကြည့်ရတာ အရမ်းချစ်နေကြပုံပဲ။ ကြားရက်တွေမှာ ဝေးကွာနေခဲ့ကြတာကြောင့် အရမ်းလွမ်းနေကြမှာဖြစ်ပြီး ပိုမိုချစ်ခင်မြတ်နိုးလာကြတာဖြစ်နိုင်ပါတယ်”လို့ E! သတင်းမှာဖော်ပြထားပါတယ်။

သူတို့ဟာ ကလေးတွေတပြုံကြီးနဲ့အတူအဖွဲ့လိုက် အားလပ်ရက်မှာပျော်ပါးဖို့ မျှော်မှန်းနေကြပါတယ်။
“သူတို့မှာ လုပ်စရာတွေအများကြီး စီစဉ်ထားတယ်”လို့ သတင်းပေးတစ်ယောက်က ပြောပါတယ်။

“ပိတ်ရက်တိုင်း နှစ်ယောက်စလုံးတွေ့ကြရင်း ကလေးတွေနဲ့တွေ့ရဖို့ အိမ်ပြန်လေ့ရှိတယ်”လို့ အတွင်းသိတစ်ဦးက ပြောပါတယ်။

Ben နဲ့ Jennifer တို့ဟာ ဟောလိုဝင်းပွဲကိုလည်း အတူတကွပျော်ပါးခဲ့ကြပါတယ်။
Ben ရဲ့ ဇနီးဟောင်းဖြစ်သူ Jennifer Garner လည်း ပျော်ပွဲရွှင်ပွဲမှာ ပါဝင်ခဲ့ပါတယ်။
“Ben နဲ့ Jennifer Lopez တို့က သားယောက်ျားလေးတွေဖြစ်တဲ့ Sam နဲ့ Max တို့ကို ကျီစယ်စနောက်နေခဲ့ပါတယ်။ Jennifer Garner ကတော့ သူ့မိတ်ဆွေတွေနဲ့ သက်သက်ရှိနေပြီး သူတိုအားလုံး အဆင်ပြေပြေဖော်ဖော်ရွေရွေရှိပေမယ့် တူတူတော့ ရှိမနေပါဘူး။ ကလေးတွေပျော်ရွှင်ဖို့အတွက်ပဲ သူတို့အဓိကထားထားပါတယ်”လို့ မြင်တွေ့ခဲ့သူတစ်ဦးက ဆိုပါတယ်။

Ben က ဇနီးဟောင်းနဲ့ရခဲ့တဲ့ ကလေး ၃ ယောက်ရှိပြီး Jennifer Lopez က သူ့ခင်ပွန်းဟောင်းဖြစ်သူ Marc Anthony နဲ့ ကလေး ၂ ယောက်ရရှိခဲ့ပါတယ်။

“Jennifer Lopez က Ben ရဲ့ကလေးတွေနဲ့ ရင်းနှီးလာအောင် ကြိုးပမ်းပြီး သူ့ရဲ့မိသားစုနဲ့အတူတူ နေထိုင်စေခဲ့တာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာအောင် အချိန်အတော်ကြာနေထိုင်ခဲ့ကြပြီး ကလေးတွေအချင်းချင်းလည်း ခင်မင်ရင်းနှီးစေခဲ့ပါတယ်”လို့ သတင်းပေးတစ်ဦးက E! သတင်းကို ပြောကြားသွားပါတယ်။
Source: E!Online

You May Also Like

More From Author