လေယာဉ်ပျက်ကျမှုကြောင့် ဘရာဇီးလ်အဆိုတော် Marilia Mendoca အသက်ဆုံးပါးခဲ့ရ

Estimated read time 1 min read
0 0
Read Time:2 Minute, 51 Second

#WorldEntertainment

Published- 6 November 2021

ဘရာဇီးလ်အဆိုတော်တစ်ဦးဖြစ်သူ Marilia Mendoca ဟာ လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှာပါဝင်ခဲ့ပြီး အသက်သေဆုံးခဲ့ရပါတယ်။Minas Gerais ရဲ့ Caratinga နယ်မြေမှာ ဖျော်ဖြေဖို့ လေယာဉ်ဖြင့်လာနေစဉ် ပျက်ကျခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အဆိုတော်နဲ့အတူ ထုတ်လုပ်သူ Henrique Ribeiro ၊ ဦးလေးဖြစ်သူ Abicieli Silveira Dias Filho ၊ လေယာဉ်မှူးနဲ့ အကူလေယာဉ်မှူးတို့ဟာလည်း သေဆုံးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဘရာဇီးလ်က တာဝန်ရှိသူတွေက လေယာဉ်ပျက်ကျခဲ့တဲ့ Caratinga, Minas Gerais က နေရာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုမဖြစ်ခင် နာရီပိုင်းလောက်က Mendoca က လေယာဉ်စီးနေရင်း ဒေသထွက်အစားအစာတွေအကြောင်း ပြောထားတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

Rodolffo Matthaus နဲ့ Deive Leonardo တို့အပါအဝင် Mendoca ရဲ့မိတ်ဆွေသူငယ်ချင်းတွေက သူ့ရဲ့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းမိပါတယ်လို့ ပြောထားပါတယ်။
နာမည်ကျော်ဘရာဇီးလ်ဘောလုံးသမား နေမာဂျူနီယာကလည်း တွစ်တာပေါ်မှာ “ယုံကြည်ဖို့ခက်ခဲနေတယ်”ဆိုပြီး ရေးသားထားပါတယ်။

၂၀၁၉ ခုနှစ်က Some Que Ele Vem Atrás သီချင်းကို Mendoca နဲ့အတူသီဆိုခဲ့တဲ့ Anitta ကလည်း ဝမ်းနည်းမိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

“မနေ့ကမှ နင့်ကိုအရမ်းခင်တာပဲလို့ ပြောလိုက်သေးတယ်လေ။ ဒီလိုဖြစ်သွားတာယုံတောင်မယုံနိုင်ဘူး။ ဘယ်လိုကြောင့်များဖြစ်ရတာလဲ။ ပြောစရာစကားတောင်မရှိတော့ဘူး”လို့ Anitta က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“သိပ်ကို သဘောမနောကောင်းတဲ့အမျိုးသမီးလေး။ အားလုံးကိုလက်ခံနိုင်တဲ့သူ။ ဘယ်သူ့ကိုမှလဲ မနာလိုမဖြစ်တဲ့သူ။ နင့်ကိုသိပ်သဘောကျခဲ့တာ။ စံပြအမျိုးသမီးတစ်ယောက်ပါပဲ”လို့လည်း ရေးသားထားပါတယ်။
ကလေးတစ်ယောက်အမေလည်းဖြစ်တဲ့ Mendoca သေဆုံးမှုဟာ မိသားစုအတွက်လည်း ပြန်လည်အစားထိုးလို့မရတဲ့အရာဖြစ်နေခဲ့ပါတယ်။

Mendoca ဟာ ဘရာဇီးလ်မှာ လူကြိုက်များတဲ့ အဆိုတော်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က Spotify music player မှာ သူ့သီချင်းတွေကို ကြည့်ရှုနားဆင်သူအများဆုံး ဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ Realidade အယ်လ်ဘမ်နဲ့အတူ သူ့ရဲ့ပထမဦးဆုံးလက်တင်ဂရမ်မီဆုကို ရရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ချစ်သူဖြစ်သူ Murilo Huff နဲ့ ရခဲ့တဲ့ Leo ဆိုတဲ့ အသက် ၂ နှစ်အရွယ်သားတစ်ယောက် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
Source: E!Online

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *