Dwayne Johnson က သူ့ရဲ့ဇာတ်ကား ထုတ်လုပ်ရေးတွေမှာ သေနတ်အစစ် အသုံးမပြုတော့ဘူးလို့ ပြောကြားခဲ့

Estimated read time 1 min read

#WorldEntertainment
Published – 5 November 2021

နိုဝင်ဘာ ၅ ရက်နေ့မှာ ထွက်ရှိမယ့် Red Notice ဇာတ်ကားရဲ့ မိတ်ဆက်ပွဲမှာ Dwayne Johnson က သူ့ရဲ့ Seven Bucks ဇာတ်ကားထုတ်လုပ်ရေးအနေနဲ့ တကယ့်သေနတ်တွေကို အသုံးမပြုတော့ဘူးလို့ Variety မဂ္ဂဇင်းကို ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက Rust ဇာတ်ကားရိုက်ကူးနေစဉ် သေနတ်ပစ်ခန်းတစ်ခုမှာ ရုပ်ရှင်ဓာတ်ပုံဆရာမ Halyna Hutchins ဟာ ကျည်ဆံထိမှန်မှုကြောင့် သေဆုံးမှုဖြစ်ခဲ့ပါတယ်။

“ကျွန်တော်တို့တွေ ရာဘာသေနတ်တွေကိုပဲ ပြောင်းလဲအသုံးပြုသွားပါမယ်။ ထုတ်လုပ်ရေးနောက်ပိုင်းကျမှ ဆက်ပြီးကြည့်လုပ်သွားမှာပါ။ ကုန်ကျစရိတ်များမှာကို တွေးပူနေမှာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။

“ကျွန်တော်လည်း ဝမ်းနည်းကြေကွဲရပါတယ်။ အသက်တစ်ချောင်းဆုံးခဲ့ရတယ်။ ရိုက်ကွင်းကလူတွေရော သူ့မိသားစုဝင်တွေနဲ့ရော ထပ်တူပူဆွေးရပါတယ်။ Alec Baldwin နဲ့လည်း သိကျွမ်းခဲ့တာ အတော်ကြာပါပြီ”လို့ Johnson က ပြောပါတယ်။

ဟောလိဝုဒ်ရိုက်ကူးရေးတွေမှာ လက်နက်အစစ်တွေ အသုံးမပြုဖို့ တောင်းဆိုမှုတွေများပြားလာတဲ့အချိန်မှာ Johnson က မှတ်ချက်ပြုပြောသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက Rust ဇာတ်ကားရိုက်ကူးစဉ်မှာ သရုပ်ဆောင်နဲ့ရုပ်ရှင်ထုတ်လုပ်သူ Alec Baldwin ပစ်လိုက်တဲ့သေနတ်မှာ ဘယ်လိုဖြစ်ပြီး ကျည်ဆံအစစ်ပါဝင်နေသလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
Baldwin သေနတ်မယူခင်မှာ လက်ထောက်ဒါရိုက်တာက သေနတ်မှာကျည်မပါဘူးလို့ လှမ်းပြောခဲ့ကြောင်း သက်သေထွက်ဆိုချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

Baldwin က စုံစမ်းရေးတွေနဲ့ ဖုန်းပြောဆိုရာမှာလည်း မေးခွန်းတွေကို စိတ်ပါလက်ပါနဲ့ဖြေကြားပေးတယ်လို့ သိရရှိပါတယ်။
Source: CNN

You May Also Like

More From Author