Kristen Stewart နဲ့ ဇာတ်ညွှန်းရေးဆရာမ Dylan Meyer တို့စေ့စပ်ပြီးစီး

1 min read

#WorldEntertainment
Published -3 November 2021

Kristen

သရုပ်ဆောင်မင်းသမီး Kristen Stewart က ဇာတ်ညွှန်းရေးဆရာမ Dylan Meyer နဲ့ စေ့စပ်လိုက်ပြီဖြစ်တယ်လို့ အင်္ဂါနေ့က Howard Stern နဲ့အင်တာဗျူးမှာ ကြေညာသွားပါတယ်။

“ကျွန်မတို့ သေချာပေါက်လက်ထပ်တော့မှာပါ။ ကျွန်မကိုလက်ထပ်ခွင့်တောင်းစေချင်နေခဲ့တာ။ အခုတော့ ကျွန်မဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပြီ။ လက်ထပ်ဖြစ်တော့မှာပါ”လို့ Stewart ကပြောသွားပါတယ်။
ဘယ်အချိန်လက်ထပ်ပွဲလုပ်ဖို့ စီစဉ်မှာလဲဆိုတာကိုတော့ မပြောထားပါဘူး။

ဒါပေမဲ့ ဘယ်လိုပုံစံမျိုးလက်ထပ်မလဲဆိုတာကို Stewart က သေချာစဉ်းစားထားပါတယ်။
“ကိုယ့်မွေးရပ်ဖြစ်တဲ့ LA မှာပဲလုပ်သွားချင်တယ်။ ဒါမှအားလုံးလာနိုင်မှာ။ ပွဲကို အမိုက်စားလေးဖြစ်စေချင်တယ်။ ပွဲကျင်းပရင် လက်တွဲခေါ်လာတာမျိုးတွေဘာတွေ မလုပ်ချင်ဘူး။ ဒီအတိုင်းပဲ မတ်တတ်ရပ်ဦးညွတ်လိုက်ရင် ပြီးတာပဲ”လို့ ပြောသွားပါတယ်။

သူတို့အတွဲဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က စတွေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်က ပါတီတစ်ခုမှာ ပြန်လည်ချိတ်ဆက်မိကြတာဖြစ်ပါတယ်။

“ခံစားလိုက်ရတဲ့အချိန်မှာ သိလိုက်ရပြီ။ ကျွန်မပြောတာ သဘောပေါက်တယ်မဟုတ်လား။ တစ်ခုခုဖြစ်ဖို့ သေချာနေပြီဆိုရင် ဘာနဲ့မှမတူအောင်ခံစားရတယ်။ တစ်ယောက်ယောက်နဲ့ မေတ္တာမျှနေပြီဆိုမှ ဒီလိုခံစားမှုမျိုးရရှိတာပါ”လို့ အင်တာဗျူးမှာ Stewart က Meyer နဲ့ပတ်သက်တဲ့အကြောင်းကို အားတက်သရော ပြောပြသွားပါတယ်။
Source: CNN

You May Also Like

More From Author

+ There are no comments

Add yours