မွမ်ဘိုင်းတရားရုံးက ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့လွှတ်ပေး

Estimated read time 1 min read
0 0
Read Time:3 Minute, 10 Second

Published 29 October 2021

ကြာသပတေးနေ့မှာ အိန္ဒိယတရားရုံးတစ်ခုက ဘောလိဝုဒ်သရုပ်ဆောင် ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ ပတ်ကျော်က တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုတစ်ခုမှာ ရှာရွတ်ခန်းရဲ့သားဖြစ်သူဟာ အဖမ်းခံခဲ့ရတာဖြစ်ကာ သတင်းတွေပျံ့နှံသွားခဲ့ပြီး မီဒီယာကြားမှာလည်း အငြင်းပွားစရာတွေဖြစ်ခဲ့ပါတယ်။

“တရားရုံးက အခုတင်ပဲအာမခံလွှတ်ပေးဖို့ ပြောလိုက်ပါတယ်။ အသနားခံလျှောက်ထားတဲ့ ၃ ယောက်စလုံး မနက်ဖြန်ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ လွတ်လာမှာဖြစ်ပါတယ်”လို့ ခန်းရဲ့သားဖြစ်သူဘက်က ရှေ့နေက မွမ်ဘိုင်းမြို့ရှိ တရားရုံးတစ်ခုအပြင်ဘက်မှာ ပြောသွားပါတယ်။

မွမ်ဘိုင်းကမ်းရိုးတန်းဘက်မှာ ခုတ်မောင်းနေတဲ့ အပျော်စီးသင်္ဘောတစ်စီးကို အောက်တိုဘာ ၂ ရက်နေ့က စီးနင်းရှာဖွေရာမှာ အသက် ၂၃ နှစ်အရွယ်ရှိ ရှာရွတ်ခန်းရဲ့သားအကြီးဆုံးဖြစ်သူ အာယန်ခန်းအပါအဝင် လူအများအပြားအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဆေးခြောက်ရှာဖွေရေးအဖွဲ (NCB) ဖက်ဒရယ်အေဂျင်စီက စီးနင်းဝင်ရောက်ခဲ့တာဖြစ်ပြီး အာယန်ခန်းဟာ ဆေးသုံးစွဲသလို ဖြန့်ဝေသူလည်းဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။အာယန်ခန်းကတော့ ရှေ့နေတွေကတဆင့် စွပ်စွဲချက်တွေကို ငြင်းလိုက်ပြီး စီးနင်းရှာဖွေစဉ်က သူ့ကိုယ်ပေါ်မှာ ဆေးခြောက်မတွေ့ရှိခဲ့ဘူးလို့ ချေပပြောဆိုထားပါတယ်။

မွမ်ဘိုင်းမြိုရှိ တိုင်းဝန်ကြီးများအဖွဲ့မှ ဝန်ကြီးတစ်ဦးဖြစ်တဲ့ Nawab Malik က ရှာရွတ်ခန်းရဲ့သားနဲ့ တခြားသူတွေကို မဟုတ်မမှန်ဘဲစွပ်စွဲနေကြတာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က အရာရှိကို လူပြောင်းစေချင်နေတာဖြစ်ပါတယ်။

ရှာရွတ်ခန်းဟာ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပြီး သူ့သားအမှုကိုစစ်ဆေးရာမှာ ၂ ပတ် ၃ ပတ်လောက်အထိ ကြာရှည်နေချိန်မှာ ပရိသတ်တွေက လူမှုကွန်ရက်တွေကနေ အားပေးထောက်ခံခဲ့ကြပါတယ်။

သရုပ်ဆောင် Ranganathan Madhavan က “တော်သေးတာပေါ့ဗျာ။ အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူလွတ်လာတော့ စိတ်သက်သာရာ ရသွားတာပေါ့”လို တွစ်တာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ဆေးခြောက်ရှာဖွေရေးတာဝန်ရှိသူတွေမှာ အိန္ဒိယနာမည်ကြီးသရုပ်ဆောင်တွေနဲ့ တီဗီအစီအစဉ်တွေမှာ ပါဝင်တဲ့သူတွေကို သတိထား စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

၂၀၂၀ စက်တင်ဘာလက နာမည်ကြီးသရုပ်ဆောင် မင်းသမီးများစွာကိုလည်း NCB က မေးမြန်းခဲ့ကြပေမယ့် စုံစမ်းစစ်ဆေးရေးအခြေအနေကိုတော့ သေချာမသိခဲ့ကြပါဘူး။
Source: Reuters

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *