#WorldSociety
Published – 27 October 2021
နာမည်ကြီးတက်တူးပညာရှင်ဖြစ်တဲ့အပြင် အဆိုတော်လည်းဖြစ်တဲ့ Kat Von D ဟာ လော့စ်အိန်ဂျလိစ်(L.A)မှာရှိတဲ့ သူ့ရဲ့တက်တူးစတူဒီယိုကို ပိတ်သိမ်းတော့မယ်လို့ ကြေညာသွားပါတယ်။
ဒီတက်တူးဆိုင်ဟာ TLC တီဗီစီးရီးကလွှင့်တဲ့ L.A. Ink အစီအစဉ်မှာ ပါဝင်ထားပြီး ဆိုင်ပိတ်တော့မယ့်အကြောင်းကို သူ့ရဲ့အင်စတာဂရမ်မှာ ကြေညာထားတာဖြစ်ပါတယ်။
Kat Von D တို့မိသားစုဟာ အင်ဒီယာနာဘက်က နယ်ဒေသလေးတစ်နေရာမှာ အိမ်လှလှလေးတစ်လုံး ဝယ်ယူထားကာ ထိုအိမ်မှာပဲ တစ်မိသားစုလုံးပြောင်းနေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အခု L.A. မှာနေတာထက်စာရင် အင်ဒီယာနာကအိမ်မှာနေရတာက ပိုပြီးသက်တောင့်သက်သာရှိတယ်လို့ Von D ကဆိုပါတယ်။
“ဟောလိဝုဒ်အနောက်ဘက်မှာရှိတဲ့ ကျွန်မရဲ့ဆိုင်လေးကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ဝမ်းနည်းစွာနဲ့ပဲ ပိတ်တော့မှာပါ။ ကျွန်မမရှိဘဲနဲ့ ဆိုင်ကိုဆက်ဖွင့်ထားဖို့က မဖြစ်နိုင်ဘူးလေ။ ကျွန်မရဲ့တေးဂီတအဖွဲ့နဲ့ အလုပ်လုပ်ဖို့ကိစ္စကလွဲပြီး တခြားဘာကိစ္စကြောင့်နဲ့မှ L.A. ကို ပြန်လာဖြစ်ဦးမှာ မဟုတ်ပါဘူး”လို့ ဓာတ်ပုံလေးတွေနဲ့တကွ ကြေညာသွားပါတယ်။
“နိုဝင်ဘာလအတွင်း ကျွန်မ တက်တူးစတူဒီယိုကို လာရောက်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ တက်တူးအလှဆင်ဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။ ၁၄ နှစ်တိုင်တိုင် ချစ်ခင်အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ Von D က တင်ထားပါတယ်။
Source: CNN
+ There are no comments
Add yours