ကိုယ်ဝန်ဆောင်ထားရတဲ့ပုံတွေ ထုတ်ဖော်လိုက်ပြသလိုက်တဲ့ Kylie Jenner

1 min read

#WorldEntertainment

Published – 23 October 2021

Kylie Jenner က ဒုတိယမြောက်ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ကြောင်း အင်စတာဂရမ်မှာ ကြာသပတေးနေ့က အသိပေးထားပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ နာမည်ကြီးအလှကုန်ပိုင်ရှင် Kylie Jenner က သူ့ဝမ်းနဲ့လွယ်ထားတဲ့ ကလေးလေးနဲ့အတူ ဂုဏ်ယူအားရစွာရိုက်ကူးထားတဲ့ အမိုက်စားဓာတ်ပုံကို တင်ထားတာဖြစ်ပါတယ်။

“ကလေးက ထွားလာပြီ”လို့ ပုံမှာခေါင်းစဉ်တပ်ထားပါတယ်။ ကိုယ်ဝန်သည်မိခင်ဘဝကို အလေးထားတဲ့ သူ့ရဲ့အစ်မ Khloe Kardashian က “အရမ်းကျက်သရေရှိတာပဲ။ ငါ့ညီမက အရမ်းလှနေတာ” ဆိုပြီး မှတ်ချက်ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က Travis Scott နဲ့ရတဲ့ သမီးဖြစ်သူ Stormi Webster အကြောင်းကိုတော့ သိုသိုသိပ်သိပ် လျှို့ဝှက် ထားပေမယ့် ဒုတိယမြောက်ရင်သွေးလေးအကြောင်းကိုတော့ Kylie က ပွင့်ပွင့်လင်းလင်းပဲ ဖော်ပြထားတာဖြစ်ပါတယ်။

“Kylie က ကိုယ်ဝန်ဆောင်ထားရတာကို သဘောကျနေတယ်။ ပြီးခဲ့တဲ့ကိုယ်ဝန်တုန်းက လူတွေမသိအောင်ပဲ နေခဲ့တယ်။ အခုလည်းအဲဒီလိုပဲ နေသွားချင်တာ။ ဒါပေမဲ့ လျှို့ဝှက်ထားတာကတော့ မကောင်းပါဘူး” လို့ အတွင်းသိတစ်ယောက်က ဩဂုတ်လက ET သတင်းဌာနကို ပြောသွားပါတယ်။

“အားလုံးက သူ့အတွက်ဝမ်းသာနေကြပါတယ်။ သူနဲ့ Travis တို့ အဆင်ပြေနေလိုက်ကြတာ။ ဒါဟာ သူတို့ရည်မှန်းပြောဆိုထားတဲ့အတိုင်း ဖြစ်လာတာပဲ”

Source: ETOnline

You May Also Like

More From Author

+ There are no comments

Add yours