Rust ဇာတ်ကားမှ အဲလက်ဘောလ်ဝင်း သေနတ်ပစ်ခန်းရိုက်ကူးစဉ် အမျိုးသမီးတစ်ဦး သေနတ်မှန်ပြီးသေဆုံး

Estimated read time 1 min read
0 0
Read Time:3 Minute, 34 Second

#WorldEntertainment

Published 22 October 2021

Rust ဇာတ်ကားရိုက်ကူးနေစဉ် ဇာတ်ဝင်ခန်းတစ်ခန်းမှာ အဲလက်ဘောလ်ဝင်းက သေနတ်ပစ်ခတ်ရာမှ ဓာတ်ပုံရိုက်ကူးရေးအဖွဲ့ရဲ့ခေါင်းဆောင် သေဆုံးခဲ့ပြီး ဒါရိုက်တာတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နယူးမက္ကဆီကိုမှ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ကြာသပတေးနေ့ကဖြစ်ရပ်မှာ Rust ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထုတ်လုပ်သူဖြစ်တဲ့ အဲလက်ဘောလ်ဝင်းက ရိုက်ကူးရေးမှာသုံးတဲ့သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆန်တာဖဲနယ်ထိန်းရဲအဖွဲ့က ဖော်ပြထားပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ 911 ကိုခေါ်ဆိုလာတော့ ရဲအရာရှိတွေကို မှုခင်းဖြစ်ပွားတဲ့နေရာကို စေလွှတ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

Rust ဇာတ်ကားရိုက်ကူးနေတုန်း လူ ၂ ယောက် သေနတ်ပစ်ခံရတယ်လို့ နယ်ထိန်းရဲအဖွဲက အတည်ပြုထားပါတယ်။အသက် ၆၈ နှစ်ရှိ ရုပ်ရှင်ထုတ်လုပ်သူနဲ့သရုပ်ဆောင်ဖြစ်သူ အဲလက်ဘောလ်ဝင်းက ရိုက်ကူးရေးမှာအသုံးပြုတဲ့သေနတ်နဲ့ ပစ်ခတ်ရာမှ အသက် ၄၂ နှစ်ရှိ ဓာတ်ပုံရိုက်ကူးရေးဒါရိုက်တာ ဟယ်လီနာဟတ်ချင်စ်နဲ့ အသက် ၄၈ နှစ်ရှိ ဇာတ်ကားဒါရိုက်တာ ဂျိုးလ်ဆိုဇာတို့ကို သေနတ်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စဟတ်ချင်စ်ကို နယူးမက္ကဆီကိုဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ဆေးရုံမှာသေဆုံးသွားကြောင်း ကြေညာထားပါတယ်။

မစ္စတာဆိုဇာကိုတော့ လူနာတင်ကားဖြင့် ခရစ္စတပ်စ်စိန့်ဗင်းဆန့်ဒေသဆေးကုသစင်တာကို သယ်ဆောင်သွားပြီး ဆက်လက်ဆေးကုသလျက်ရှိပါတယ်။

စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို တရားစွဲဆိုထားတာတော့ မရှိသေးပါဘူး။

မစ္စတာဘောလ်ဝင်းက သူကိုယ်တိုင် ထောက်လှမ်းရေးတွေနဲ့ စကားလာပြောခဲ့ပြီး ပြန်ထွက်သွားခဲ့ပါတယ်လို့ နယ်ထိန်းရဲအဖွဲ့မှ ဟွမ်ရီယိုစ်က The Guardian သတင်းစာကို ပြောသွားပါတယ်။

ကျည်မပါတဲ့သေနတ်နဲ့ ပစ်ခတ်တဲ့အခန်းကို ရိုက်ကူးရင်း မတော်တဆမှုဖြစ်သွားခဲ့တယ်လို့ ဘောလ်ဝင်းရဲ့ ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ဆန်တာဖဲမှ နေထိုင်သူတစ်ဦးက ကြာသပတေးနေ့က ဘောလ်ဝင်းကို ရဲစခန်းအပြင်ဘက်မှာ မျက်ရည်တွေနဲ့တွေ့လိုက်ရပြီး မေးမြန်းမှုတွေကိုတော့ ဖြေကြားခြင်းမရှိဘူးလို့ ဆိုပါတယ်။

စုံစမ်းရေးတွေကတော့ သေနတ်ပစ်ခတ်မှုကနေ ဘယ်လိုအရာထွက်သွားခဲ့သလဲဆိုတာကို စစ်ဆေးနေကြပါတယ်။

ဟယ်လီနာဟတ်ချင်စ်သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးကြောင်း လူမှုကွန်ရက်တွေမှာ အများအပြားတွေ့ရပါတယ်။

Rust ဇာတ်ကားကို နိုဝင်ဘာအစောပိုင်းမှာ ဆက်လက်ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ နယူးမက္ကဆီကိုရုပ်ရှင်အဖွဲ့က ကြေညာထားပါတယ်။

နာမည်ကျော်ဖိုက်တင်သရုပ်ဆောင်ဘရုစ်လီရဲ့ သားဖြစ်သူ ဘရန်ဒန်လီဟာ ၁၉၉၃ ခုနှစ်မှာ ဇာတ်ကားရိုက်ကူးနေစဉ် သေနတ်ပစ်ခန်းတစ်ခုမှာ ကျည်မတော်တဆထိမှန်မှုကြောင့် သေဆုံးခဲ့ဖူးပါတယ်။
Source The Guardian

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *