ခေါင်းစွပ်အမြဲတမ်းဝတ်ထားတဲ့ ဒီဂျေမာ့ရှ်မယ်လိုက ဘယ်သူလဲဆိုတဲ့အကြောင်း ပေါ်ထွက်လာ

1 min read

#WorldEntertainment

Published -16 Oct 2021

DJ မာ့ရှ်မယ်လိုကို အခုတလော နေရာတော်တော်များများမှာ တွေ့မြင်နေရပါတယ်။ ဂျိုနက်စ်ဘရားသားနဲ့ ဖျော်ဖြေခဲ့တဲ့ ၂၀၂၁ ဘီလ်ဘုတ်တေးဂီတဆုပေးပွဲ၊ ဆယ်လီနာဂိုမက်စ် ၊ ခါလစ်တို့နဲ့အတူ ဖျော်ဖြေခဲ့တဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲဖွင့်ပွဲတို့မှာ လတ်တလောတွေ့မြင်ခဲ့ရပါတယ်။

ခေါင်းစွပ်ကြီးအောက်က မာ့ရှ်မယ်လိုက ဘယ်လိုပုံစံဖြစ်မလဲ အသက်အရွယ်ဘယ်လောက်လဲဆိုတာကို လူအများက သိချင်နေခဲ့တာပါ။မာ့ရှ်မယ်လိုဘယ်သူလဲဆိုတဲ့ လျှိဝှက်ချက်ကို လုံးဝထိန်းသိမ်းထားခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၇ မှာတော့ သူဟာ ဒီဂျေခရစ္စတိုဖာကွန်စတော့ခ် (ဒေါ့ကွန်လိုလည်းခေါ်)ဖြစ်ကြောင်း ပေါ်လွင်ခဲ့ပါတယ်။

၂၀၁၆ မေလ ၁၉ ရက်နေ့က မာ့ရှ်မယ်လိုရဲ့မွေးနေ့ပွဲကျင်းပနေတဲ့ ဗီဒီယိုကို DJ Skrillex ကလိုင်းပေါ်မှာတင်ခဲ့တာကြောင့် ခေါင်းစွပ်ပိုင်ရှင်ကို သိခဲ့ရတာဖြစ်ပါတယ်။အဲဒီနေ့ဟာ ခရစ္စတိုဖာရဲ့ မွေးနေ့လည်းဖြစ်နေခဲ့ပါတယ်။

မာ့ရှ်မယ်လိုကုမ္ပဏီရဲ့ မန်နေဂျာနာမည်မှာ ခရစ္စတိုဖာကွန်စတော့ခ်ဖြစ်နေတဲ့ အထောက်အထားကြောင့် ၂၀၁၇ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဖော့ဘ်စ်မဂ္ဂဇင်းက မာ့ရှ်မယ်လိုနဲ့ ခရစ္စတိုဖာက တစ်ယောက်တည်းဖြစ်ကြောင်း အသိပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာသွားပါတယ်။

ခေါင်းစွပ်မဝတ်ထားတဲ့ပုံတွေကို ဒေါ့ကွန်က အင်စတာဂရမ်မှာတင်ထားတာကြောင့် မာ့ရှ်မယ်လိုဟာ ဒေါ့ကွန်/ခရစ္စတိုဖာကွန်စတော့ခ်ဖြစ်ကြောင်း ရှာဖွေရတာ မခက်ခဲတော့ပါဘူး။မာ့ရှ်မယ်လိုက အင်တာနက်မှာဖော်ပြထားတဲ့အတိုင်း သူဟုတ်လားမဟုတ်လားဆိုတာကို ဂရုစိုက်မနေပါဘူး။

“ကျွန်တော်ဒီခေါင်းစွပ်ကို မချွတ်ချင်ဘူးဆိုတာက ကျော်ကြားအောင်မြင်မှုဆိုတာကြီးကို မလိုချင်လို့ပါ။ ပရိသတ်တွေနဲ့ ဒီအတိုင်းဖျော်ဖြေမှု ပေးချင်ရုံသက်သက်ပါပဲ” လို့ တွစ်တာမှာပြောသွားပါတယ်။

မာ့ရှ်မယ်လိုမတိုင်ခင် အရင်ဒီဂျေအများအပြားကလည်း ခေါင်းစွပ်ချွတ်လေ့မရှိပါဘူး။
ဒီဂျေဖျော်ဖြေမှုကနေ မာ့ရှ်မယ်လိုဟာ ဝင်ငွေများစွာရရှိထားပါတယ်။

အဓိကအားဖြင့် လှည့်လည်ဖျော်ဖြေပွဲတွေနဲ့ တကိုယ်တော်ပွဲတွေကနေ ရရှိထားတဲ့ဝင်ငွေတွေဟာ ဘဏ်ထဲမှာ သန်း ၄၀ လောက်ရှိတယ်လို့ Celebrity Net Worth ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

မာ့ရှ်မယ်လိုရဲ့ခေါင်းစွပ်ကို ဒေါ်လာ ၅ သောင်းခွဲ အကုန်အကျခံပြုလုပ်ထားပြီး အတွင်းမှာလေအေးပေးစနစ်နဲ့ ထိန်းချုပ်လို့ရတဲ့ LED မီးတွေပါဝင်ကာ အလေးချိန် ၈ ပေါင်ခန့်သာရှိပါတယ်။

Source Cosmopolitan

You May Also Like

More From Author

+ There are no comments

Add yours