ဖူးခက်မှာကျင်းပမယ့် နှစ်သစ်ကူးပွဲတော်မှာ လာရောက်ဖျော်ဖြေဖို့ လီဆာနဲ့အန်ဒရီယာဘိုဆယ်လီကို ဖိတ်ကြားရန်စီစဉ်နေ

Estimated read time 1 min read
0 0
Read Time:1 Minute, 55 Second

#WorldEntertainment
Published -14 October 2021

ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့(TAT)က ဖူးခက်မှာကျင်းပမယ့် နှစ်သစ်ကူးဖျော်ဖြေပွဲအတွက် နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ ထိုင်းနိုင်ငံဖွား ကေပေါ့ပ်အဆိုတော်လီဆာနဲ့ အီတလီအော်ပရာဂီတအဆိုတော် အန်ဒရီယာဘိုဆယ်လီတို့ကို ဖျော်ဖြေတင်ဆက်ဖို့ ဖိတ်ကြားရန်ရည်ရွယ်ထားပါတယ်။

ဒီပွဲအထမြောက်ဖို့အတွက်က အစိုးရထံမှ အပိုအသုံးစရိတ် သုံးစွဲခွင့်ရရှိရန်လိုအပ်ပြီး တခြားစီးပွားရေးအစိတ်အပိုင်းတွေမှ အထောက်အပံ့တွေလည်း ရရှိရန်လိုအပ်နေသေးတာကြောင့် ဒီအစီအစဉ်က ကြန့်ကြာနေပါတယ်လို့ TAT ရဲ့ အုပ်ချုပ်ရေးမှူး ယူထာဆက်ဆူပါစုန်က ပြောသွားပါတယ်။

ဒီအစီအစဉ်က ဖူးခက်ဒေသကို ကမ္ဘာ့အသိအမှတ်ပြု နာမည်ကြီးနေရာတစ်ခု ဖြစ်လာအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။နာမည်ကြီးအနုပညာရှင်တွေကို ဖိတ်ခေါ်ခြင်းက ဖူးခက်ကို ကမ္ဘာလှည့်ခရီးသွားတွေ၊ အထူးသဖြင့် Blackpink ပရိသတ်တွေ စိတ်ဝင်စားလာအောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အစိုးရက အန်ဒမန်ကျွန်းကို ကမ္ဘာ့အသိအမှတ်ပြုနေရာတစ်ခု ဖြစ်လာအောင် စီစဉ်နေပြီဖြစ်တာကြောင့် နှစ်သစ်ကူးဖျော်ဖြေပွဲကို ဖူးခက်မှာကျင်းပဖို့ ဖြစ်လာနိုင်တယ်လို့ မစ္စတာယူထာဆက်က ပြောလိုက်ပါတယ်။
ထိုကျွန်းနေရာဟာ ဒီလအစောပိုင်းမှာ စီးပွားရေးအခြေအနေထိန်းချုပ်ကွပ်ကဲမှုစင်တာက အသိအမှတ်ပြုထားတာဖြစ်ပါတယ်။

#TourismAuthorityofThailand #Lisa #Blackpink #Thailand #reopen #Phuket #ข่าวด่วน #ททท. #ลิซ่า #แบล๊คพิงค์ #ภูเก็ต #เคาท์ดาวน์ #เปิดประเทศ

 

 

 

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *