Oz ဇာတ်လမ်းတွဲမှ သရုပ်ဆောင်ဖြစ်သူဂရန်ဗီးလ်အဒမ် ကင်ဆာရောဂါဖြင့်ကွယ်လွန်

Estimated read time 1 min read

#WorldEntertainment
Published- 11 Oct 2021

ဇာတ်လမ်းတွဲ ၆ တွဲပြသပြီး ၂၀၀၃ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ HBO ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Oz ဇာတ်လမ်းတွဲမှာ ဇာဟာအေရစ်ဖ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂရန်ဗီးလ်အဒမ်ဟာ အသက် ၅၈ နှစ်အရွယ်မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ထိုဇာတ်လမ်းတွဲမှ သရုပ်ဆောင်တွဲဖက်တွေက အောက်တိုဘာ ၁၀ ရက်နေ့ တနင်္ဂနွေနေ့မှာ ဆိုရှယ်မီဒီယာတွေပေါ် ဒီသတင်းတွေတင်ထားပါတယ်။သရုပ်ဆောင်ကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရမှုအပေါ် ဟောလိဝုဒ်က ဝမ်းနည်းပူဆွေးကြောင်း ထုတ်ဖော်လိုက်ပါတယ်။Oz ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ တွမ်ဖွန်တာနာက ဂရန်ဗီးလ်ရဲ့ပုံနဲ့အတူ ဝမ်းနည်းအောက်မေ့ကြောင်း အင်စတာဂရမ်မှာ တင်ထားပါတယ်။

ဂရန်ဗီးလ်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ကာ့ခ်အက်စီဗီဒိုက “ငါ့ဘော်ဒါကတော့ ကင်ဆာရောဂါ အကြာကြီးခံစားရင်း ဆုံးသွားခဲ့ပြီ။ သူသေဆုံးတာကို ငါလက်မခံနိုင်ဘူး မဖြေသိမ့်နိုင်ဘူး။ ဂရန်ဗီးလ်ရေ… တစ်နေ့ကျရင် ငါတို့တွေ စကားပြောခွင့်ရလာမှာပါကွာ။ ဒီမတိုင်ခင်တော့ အေးဆေးအနားယူနေဦး ငါ့သူငယ်ချင်း” လို့ တွစ်တာပေါ်မှာ လက်အုပ်ချီသင်္ကေတလေးနဲ့အတူ တင်ထားပါတယ်။

Oz ဇာတ်လမ်းတွဲမှ သရုပ်ဆောင်မင်းသားဖြစ်တဲ့ ဒင်းဝင်တာစ်ကလည်း မဂ္ဂဇင်းအတွက်ဓာတ်ပုံရိုက်တုန်းက သူနဲ့ ဂရန်ဗီးလ်တို့ရဲ့ပုံနဲ့အတူ ဝမ်းနည်းပူဆွေးကြောင်း အင်စတာဂရမ်မှာ တင်ထားပါတယ်။
ဇန်နဝါရီလတုန်းက ဂရန်ဗီးလ်ရဲ့ဆေးရုံတက်ကုသစရိတ်ကို ကူညီထောက်ပံ့ဖို့အတွက် တွမ်နဲ့ဒင်းတို့က GoFundMe ဆိုတဲ့ ရန်ပုံငွေကောက်ခံပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။

“ဂရန်ဗီးလ်က ဒီကင်ဆာရောဂါဆိုးကြီးတစ်ခုတည်းကိုပဲ ရင်ဆိုင်နေရတာမဟုတ်ပါဘူး။ အခုဆိုရင် အာမခံကုမ္ပဏီကပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆေးကုသမှုစရိတ်တွေ ပေးဖို့အတွက်ပါ ရုန်းကန်နေရပါတယ်” လို့ ထိုအချိန်တုန်းက ထုတ်ဖော်သွားခဲ့ပါတယ်။ဂရန်ဗီးလ်က ကင်ဆာရောဂါခံစားရတဲ့ အကြောင်းတွေကို ဆိုရှယ်မီဒီယာမှာ ရေးသားသွားခဲ့ပါတယ်။
Source E!Online

 

You May Also Like

More From Author