Squid Game မှ သရုပ်ဆောင် ဟိုယွန်ဂျန်က Louis Vuitton ရဲ့ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရ

1 min read

#WorldEntertainment
Published -9 Oct 2021

Netflix ကထုတ်လွှင့်တဲ့ Squid Game ဇာတ်လမ်းတွဲကျော်ကြားလာမှုနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟိုယွန်ဂျန်ဟာ Louis Vuitton ရဲ့ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။Squid Game ဇာတ်လမ်းတွဲမှာ ဂန်ဆဲဗျော့အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ကို ဖက်ရှင် နာရီ လက်ဝတ်ရတနာလုပ်ငန်း Global House Ambassador အဖြစ် ခန့်အပ်လိုက်တယ်လို့ Louis Vuitton က အောက်တိုဘာ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရခြင်းက အောင်မြင်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဟိုယွန်ဂျန်ဟာ ၂၀၁၃ ကိုရီးယားမော်ယ်လ်ပြိုင်ပွဲတစ်ခုမှာ စတင်နာမည်ကြီးလာခဲ့သူဖြစ်ပြီး အခုအချိန်မှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာကာ Squid Game ဇာတ်လမ်းတွဲရဲ့ လူကြိုက်အများဆုံးသရုပ်ဆောင်ဖြစ်လာပါတယ်။

ဂျန်က Louis Vuitton နဲ့ အခုမှလက်တွဲဖူးတာ မဟုတ်ပါဘူး။SS17 ဖက်ရှင်ပွဲတုန်းကလည်း ဂျန်က ပါဝင်ထားဖူးတာ ဖြစ်ပါတယ်။Louis Vuitton က ဖန်တီးရေးဒါရိုက်တာဖြစ်သူက ဒီလက်တွဲမှုနဲ့ပတ်သက်ပြီး “ဂျန်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပင်ကိုယ်အရည်အချင်းကို ချက်ချင်းသဘောကျသွားပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက စတင်အကောင်အထည်ဖော်ခဲ့တဲ့ အစီအစဉ်ကို ရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်”လို့ ဆိုပါတယ်။
Source unCrazed

  

You May Also Like

More From Author

+ There are no comments

Add yours