အိမ်ထောင်ကွဲခြင်းနှင့် ဝိတ်ချခြင်းက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကြောင်း Adele ရှင်းလင်းတုံပြန်

Estimated read time 1 min read
0 0
Read Time:4 Minute, 36 Second

#WorldEntertainment
Published- 8 Oct 2021

ဆိုင်မွန်ကိုနက်ကီနဲ့ လက်မတွဲဖြစ်တော့တဲ့အချိန်မှာ အဒဲလ်တစ်ယောက် ကိုယ်ခန္ဓာသွယ်လျလာတာဟာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါတယ်။အိမ်ထောင်ကွဲခြင်းနဲ့ ကိုယ်ခန္ဓာပြောင်းလဲသွားခြင်းတို့ဟာ တိုက်ဆိုင်မှုသာ ဖြစ်တယ်လို့ အဒဲလ်က British Vogue နဲ့ American Vogue မဂ္ဂဇင်းတွေကို ပြောကြားလိုက်ပါတယ်။

အခုလိုကိုယ်ခန္ဓာပြောင်းလဲလိုက်ခြင်းဟာ အရင်ခင်ပွန်းဟောင်းကို နောင်တရစေအောင် ရည်ရွယ်တာမဟုတ်ပါဘူး၊ ကျန်းကျန်းမာမာနဲ့ နေထိုင်ချင်တာပဲ ရှိပါတယ်လို့ အဒဲလ်က ဆိုပါတယ်။”ကျွန်မလေ့ကျင့်ခန်းတွေလုပ်နေတုန်းက ဘာစိတ်ပူပန်မှ မခံစားရဘူးဆိုတာကို သိလိုက်ရတယ်။ ဝိတ်ချဖို့ ရည်ရွယ်ခဲ့တာလည်းမဟုတ်ဘူး။ ကျွန်မရဲ့ရုပ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်သန်စွမ်းအောင်လုပ်နိုင်ရင် ကျွန်မရဲ့စိတ်ခံစားချက်တွေ စိတ်ဓာတ်အခြေအနေတွေဟာလည်း ကြံ့ခိုင်လာမယ်လို ခံစားမိတယ်” လို့ American Vogue မဂ္ဂဇင်းကို ရှင်းပြသွားပါတယ်။

ခင်ပွန်းဟောင်းကို ကလဲ့စားချေချင်တဲ့စိတ်နဲ့ ခန္ဓာကိုယ်ကိုပြောင်းလဲလိုက်တယ်လို့ ဝေဖန်နေသူတွေကို ဂရုကိုမစိုက်ဘူးလို့ဆိုလိုက်ပြီး ဒါဘယ်သူ့အတွက်မှလုပ်တာမဟုတ်ဘူး၊ ကိုယ့်အတွက်ကိုယ်လုပ်တာပဲလို့ British Vogue မှာလည်း ရှင်းပြသွားပါတယ်။

Rolling In The Deep သီချင်းအဆိုတော်က သူ့ရဲ့စိတ်ပူပန်သောကတွေကို ဖြေရှင်းဖို့ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို စွဲလမ်းနေပြီဖြစ်ကြောင်း ဆိုပါတယ်။မနက်ပိုင်းမှာ အလေးမခြင်း၊ နေ့ခင်းမှာ လမ်းလျှောက်ခြင်း ဒါမှမဟုတ် လက်ဝှေ့ထိုးခြင်း၊ နောက်ဆုံးမှာ သက်လုံကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး အားကစားရုံမှာ တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်လောက် လေ့ကျင့်ဖြစ်နေပြီဖြစ်ပါတယ်။

ဒီနာမည်ကြီးအဆိုတော်က ထူးထူးခြားခြား အစားရှောင်ခြင်းတော့ မရှိဘူးလို့ဆိုပြီး လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တဲ့အတွက် အရင်ကထက်တောင် ပိုစားဖြစ်တယ်လို့ ပြောသွားပါတယ်။
သူ့ရဲ့လေ့ကျင့်ခန်းလုပ်နည်းလုပ်ပုံတွေကို အွန်လိုင်းမှာ ရှာတွေ့မှာမဟုတ်ပါဘူး။သူ့ကိုလေ့ကျင့်ပေးနေတဲ့နည်းပြဆိုပြီး ပြောနေတဲ့သူတွေဟာ အလိမ်အညာတွေဖြစ်တယ်လို့ အဒဲလ်က ဆိုပါတယ်။

ကျွန်မနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေအကုန်လုံးက မဟုတ်မမှန်တွေဖြစ်ပါတယ်၊ ကျွန်မနဲ့တခါမှတောင် မဆုံဘူးတဲ့သူက ကျွန်မကိုနည်းပြပေးတယ်ဆိုတဲ့ လူတွေတွေ့နေရတယ်၊ ဒါကတော့ စိတ်ပျက်စရာကောင်းပါတယ်၊ သည်းမခံနိုင်ပါဘူးလို့ ပြောသွားပါတယ်။ဒီလိုလူလိမ်လူညာတွေထက် ပိုပြီးစိတ်ဆိုးစရာကောင်းတာကတော့ သူ့ကိုယ်ခန္ဓာပြောင်းလဲသွားခြင်းကို ဝေဖန်တဲ့သူတွေပါပဲ။

ကျွန်မ ကိုယ်ခန္ဓာအကြောင်းကို တခြားအမျိုးသမီးတွေ ပြောဆိုနေကြပုံကို အတော်စိတ်ပျက်မိပြီး စိတ်ထိခိုက်ရပါတယ်လို့ ဖွင့်ဟသွားပါတယ်။သူ့ရဲ့ပရိသတ်တွေအနေနဲ့ သူ့ကိုယ်ခန္ဓာပြောင်းလဲသွားခြင်းကြောင့် အံ့ဩပြီး စိတ်ကသိကအောက်ဖြစ်ကြမယ်ဆိုတာကိုလည်း အဒဲလ်က နားလည်ပါတယ်လို့ ဆိုလိုက်ပြီး လူကတော့ အရင်အတိုင်းပါပဲလို့American Vogue မှာပြောသွားပါတယ်။

၂၀၁၉ မှာဆိုင်မွန်နဲ့ လမ်းခွဲအပြီးမှာတော့ အားကစားအေးဂျင့်ရစ်ခ်ျပေါလ်နဲ့ တွဲနေတာဖြစ်ပြီး ရစ်ခ်ျတစ်ယောက်တည်းတွဲခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ဆယ်လီတစ်ယောက်နဲ့ တွဲရတဲ့သူတွေအနေနဲ့ လူအများရဲ့အာရုံစိုက်ခြင်းကို ခံနိုင်ရည်မရှိတာကြောင့် ဒီလိုကိစ္စတွေဟာ လွယ်ကူမှာမဟုတ်ပါဘူး။
ဒါပေမဲ့ ရစ်ခ်ျကတော့ စိတ်အနှောင့်အယှက်ဖြစ်ပုံမပေါ်ပါဘူး။နောက်ဆုံးမှာတော့ အဒဲလ်ရဲ့ သီချင်းအယ်လ်ဘမ်အသစ် Easy On Me ဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာထွက်ရှိလာမှာဖြစ်ပါတယ်။

Source E!Online

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *