Games of thrones ရဲ့ ရှေ့ပြေးဇာတ်လမ်းအဆက် House of Dragon 2022 တွင်ပြသမည်

Estimated read time 1 min read
0 0
Read Time:3 Minute, 1 Second

#WorldEntertainment
Published – 6 Oct 2021

Game of Thrones ဇာတ်လမ်းမတိုင်ခင် အဖြစ်အပျက်အကြောင်း ရိုက်ကူးထားတဲ့ House of the Dragon ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးကို ဆောင်ရွက်နေပြီဖြစ်ပြီး အမေရိကန်မှာ HBO နဲ့ HBO Max တို့ကနေ ၂၀၂၂ အတွင်း ဇာတ်ကားတင်ဆက်သွားဖို့ရှိပါတယ်။

HBO နဲ့ Star India တို ဆက်လက်သဘောတူညီချက် ရယူထားတယ်ဆိုရင် House of the Dragon ဇာတ်လမ်းကို အိန္ဒိယမှာ Disney + Hotstar လိုင်းကနေထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Game of Thrones ဇာတ်လမ်းရဲ့ စာရေးဆရာ George R.R. Martin နဲ့ Game of Thrones မှာ ဒါရိုက်တာမီဂွယ်စပေါ့နစ်နဲ့အတူ ဇာတ်လမ်းပူးတွဲထုတ်လုပ်တဲ့ ရိုင်ယန်ကွန်ဒယ်တို့ ဖန်တီးထားတဲ့ House of the Dragon ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြည့်ရှုပြီးသား ဇာတ်လမ်းအဖြစ်အပျက်တွေမတိုင်ခင် နှစ် ၃၀၀ လောက်ကအကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။

တာဂါယန်မိသားစုအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး မာတင်ရဲ့ Fire & Blood ဝတ္ထုနှစ်တွဲရဲ့ ပထမတွဲမှ ဇာတ်လမ်းယူထားတာဖြစ်ပါတယ်။ဒုတိယတွဲစာအုပ်က မထွက်ရှိထားသေးပါဘူး။
House of the Dragon ဇာတ်လမ်းတွဲမှ သရုပ်ဆောင် ၇ ဦးရဲ့ပုံတွေကို HBO က ပို့စ်တင်ထားပြီး ခေါင်းစဉ်မှာ “မီးလွှမ်းမိုးတဲ့ ခေတ်ရောက်လာတော့မယ်။ HBO ရဲ့ဇာတ်လမ်းတွဲ House of the Dragon က ထုတ်လုပ်ရေးပြုလုပ်နေပါပြီ။ ၂၀၂၂ မှာ HBO Max ကနေ မကြာခင်ပြသပါတော့မယ်” လို့ ရေးထားပါတယ်။

ပုံတွေထဲမှာတော့ ပရိသတ်တွေ အရင်ကသိထားပြီးသား သရုပ်ဆောင်တွေပါဝင်ကာ တာဂါယန်မင်းသမီးအဖြစ် အမ်မာဒီအာစီ၊ Sea Snake အဖြစ် စတိဗ်တူစိန့်၊ တာဂါယန်ဘုရင်အဖြစ် ပက်ဒီကွန်စီဒင်း၊ တာဂါယန်မင်းသားအဖြစ် မတ်စမစ်၊ အယ်လီစန့်ဟိုက်တာဝါအဖြစ် အိုလီဗီရာကွတ်ခ်နဲ့ အော့တိုဟိုက်တာဝါအဖြစ် ရစ္စအီဖန်စ်တိုပဲ ဖြစ်ပါတယ်။အမ်မီဆုရှင်စပေါ့နစ်က ဒီဇာတ်လမ်းရဲ့ ဇာတ်ကွက်တွေနဲ့ အပိုပါဝင်တဲ့အပိုင်းတွေကို ဦးဆောင်ညွှန်ကြားရိုက်ကူးမှာဖြစ်ပြီး အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ ဇာတ်လမ်းတွဲ ၁ က ကျန်အပိုင်းတွေကိုတော့ အမ်မီဆုရှင် ဂရက်ယတေနက်စ်၊ ကလဲကီလ်နာနဲ့ ဂျီတာပေတယ်လ်တို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။

House of the Dragon အပြင် Game of Thrones ဇာတ်လမ်းအခွဲလေးတွေများစွာကိုလည်း HBO က ထုတ်လုပ်နေတာဖြစ်ပါတယ်။၂၀၂၂ မှာ ထုတ်လွှင့်မယ်ဆိုပါက House of the Dragon ဇာတ်လမ်းဟာ Game of Thrones ရဲ့ ပထမဦးဆုံးရှေ့ပြေးဇာတ်လမ်းတွဲဖြစ်လာမှာပါ။
Source Gadgets 360

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *