အမ်မီနမ်က သူ့ရဲ့စားသောက်ဆိုင်ဖွင့်ပွဲမှာ လာရောက်ဝယ်ယူ စားသုံးသူတွေကို ဧည့်ခံ

1 min read

#WorldEntertainment
Published 4 October 2021

ဗုဒ္ဓဟူးနေ့က အမ်မီနမ်ဟာ ဒက်ထရွိက်မြိုထဲရှိ Mom’s Spaghetti လိုအမည်ပေးထားတဲ့ သူ့ရဲ့စားသောက်ဆိုင်ဖွင့်ပွဲမှာ လာရောက်အားပေးတဲ့ဧည့်သည်တွေကို သူကိုယ်တိုင်ဧည့်ခံကာ အံ့အားသင့်စေခဲ့ပါတယ်။
ဆလင်းရှိတ်ဒီကလည်း အဲဒီကိုမမျှော်လင့်ဘဲ ရောက်ရှိနေပြီး ရောင်းတဲ့နေရာမှာ တွေ့မြင်ခဲ့ရပါတယ်။
ဒီရက်ပါအဆိုတော်ရဲ့ ဆိုင်နာမည်ကိုတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ အမ်မီနမ်ရဲ့ “Lose Yourself” သီချင်းထဲက စာသားအတိုင်း အမည်ပေးခဲ့တာဖြစ်ပါတယ်။

“His palms are sweaty, knees weak, arms are heavy, There’s vomit on his sweater already, mom’s spaghetti” လို အမ်မီနမ်က ရက်ပ်သီဆိုခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ပရိသတ်တွေက အမ်မီနမ်ကို ချက်ချင်းသတိပြုမိသွားပြီး ခေါက်ဆွဲတွေ အသားလုံးတွေနဲ့ မီနူးထဲမှာပါတဲ့ အီတလီအစားအသောက်တွေကို အမ်မီနမ်ကိုယ်တိုင် ရောင်းချနေတဲ့ပုံတွေကို ဆိုရှယ်မီဒီယာတွေမှာ တင်ခဲ့ကြတာဖြစ်ပါတယ်။

မီနူးထဲမှာဆိုရင် Mom’s spaghetti က ၉ ဒေါ်လာ၊ Mom’s spaghetti ကိုအသားလုံးနဲ့က ၁၂ ဒေါ်လာ၊ spaghetti Sandwich, Spaghetti နဲ့ပေါင်မုန့်က ၁၁ ဒေါ်လာဆိုပြီး ဖော်ပြထားပါတယ်။
“Mom’s spaghetti — it’s all ready” ဆိုတဲ့စာသားနဲ့ စားသောက်ဆိုင်ဖွင့်ပြီဖြစ်ကြောင်း ကြော်ငြာပရိုမိုးရှင်းတစ်ခုမှာ ကြေညာလိုက်ပါတယ်။

အော်စကာနဲ့ ဂရမ်မီဆုရရှိထားတဲ့ ဒီအဆိုတော်သရုပ်ဆောင်ဟာ ၂၀၁၇ ကလည်း ယာယီစားသောက်ဆိုင်လေး ဖွင့်ခဲ့ပါသေးတယ်။ဒီစားသောက်ဆိုင်ဟာ ဝုဒ်ဝါ့လမ်းမကြီးမှာတည်ရှိပြီး ထိုင်ခုံအရေအတွက် ကန့်သတ်ချက်နဲ့ဖြစ်ပြီး ရောင်းချတဲ့အပေါက်ဝနေရာလေး ရှိပါတယ်။
Source CNN 

You May Also Like

More From Author

+ There are no comments

Add yours