ရှာကီရာတို့ သားအမိ ပန်းခြံထဲလျှောက်လည်စဉ် တောဝက်များက တိုက်ခိုက်

Estimated read time 1 min read
0 0
Read Time:2 Minute, 33 Second
Instragram မှာတင်ထားတဲ့ ထိတ်လန့်ဖွယ်သတင်းတစ်ခုမှာ ရှာကီရာက သူ့ရဲ့ ၈ နှစ်အရွယ်သားယောက်ျားလေးဖြစ်သူ မီလန်နဲ့အတူ ပန်းခြံကိုအလည်အပတ်သွားရာမှာ တောဝက်နှစ်ကောင်တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ရှင်းပြထားပါတယ်။
ထိုတောဝက်တွေအနေနဲ့ She Wolf သီချင်းအဆိုတော်ကို သွားမရှုပ်သင့်ဘူးဆိုတာကို သိခဲ့သင့်ပါတယ်။
 
နေ့လယ်ခင်းတစ်ခုမှာ ဘာစီလိုနာက ပန်းခြံတစ်ခုထဲ သူ့သားဖြစ်သူမီလန်နဲ့ ခုန်ပေါက်ဆော့ကစားနေရမယ့်အစား ဒီသားအမိဟာ မမျှော်လင့်ပဲ တောဝက်တွေနဲ့ ပက်ပင်းတိုးခဲ့တာဖြစ်တယ်လို့ စက်တင်ဘာ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ရှာကီရာက ဆိုရှယ်မီဒီယာတွေဆီ ထုတ်ဖော်ခဲ့ပါတယ်။
“ကျွန်မတို့ကို တိုက်ခိုက်ခဲ့တဲ့တောဝက်နှစ်ကောင်က ကျွန်မကျကျန်ခဲ့တဲ့ပိုက်ဆံအိတ်နဲ့ အထဲကလက်ကိုင်ဖုန်းကို တောထဲယူသွားပြီး အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တယ်” လို့ ရှာကီရာက Instagram မှာ တင်လိုက်တာဖြစ်ပါတယ်။
 
ရှာကီရာတို့သားအမိ ဒီဖြစ်ရပ်မှာ ဘေးကင်းစိတ်ချရပြီဖြစ်ပေမယ့် လွယ်လွယ်နဲ့တော့ ပြီးသွားမှာမဟုတ်ပါဘူး။ဂရမ်မီဆုရှင်က “အမှန်အတိုင်းပြောပြလိုက် မီလန်။ သားအမေက တောဝက်တွေကို ဘယ်လိုရင်ဆိုင်ခဲ့လဲဆိုတာ” လို့ ဆိုပါတယ်။
တောဝက်တွေနဲ့ကြုံတွေ့ခဲ့ရတဲ့ ရှာကီရာရဲ့ဒီအဖြစ်အပျက်ဟာ Twitter မှာ အားပေးသူပရိသတ်တွေရဲ့ စကားသံတွေနဲ့အတူ အတော်နာမည်ကြီးသွားပါတယ်။
 
ဂျရတ်ပီကေးနဲ့ရခဲ့တဲ့ အသက် ၆ နှစ်အရွယ် သားဖြစ်သူဆာရှာကိုတော့ ဒီဖြစ်ရပ်မှာ မပါဝင်ခဲ့ပါဘူး။
ရှာကီရာဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို သိုသိုသိပ်သိပ်ထားတတ်ပေမယ့် ကလေးအမေဖြစ်လာတဲ့ဘဝကိုတော့ အနည်းငယ်ဖွင့်ဟထားပါတယ်။
 
ပြီးခဲ့တဲ့အပတ်ကပဲ သူ့သားဖြစ်သူ ကရာတေးသင်တန်းတက်ရောက်နေပုံကို တင်ထားပြီး “ကျွန်မရဲ့နင်ဂျာလေး” လို့ ရေးထားတာဖြစ်ပါတယ်။
ရှာကီရာရဲ့သီချင်းအသစ်တွေကို မျှော်နေသူတွေအတွက် ရှာကီရာက “Don’t Wait Up” ဆိုတဲ့ သီချင်းသစ်နဲ့အတူ အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။
Source E!Online 
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *