အိန်ဂျလီနာဂျိုလီနဲ့ The Weeknd တို့ ဒုတိယအကြိမ် ညစာစားရင်း ချိန်းတွေ့မှုကြောင့် အံ့အားသင့်စရာဖြစ်ရ

Estimated read time 1 min read

#WorldEntertainment
Published – 2 October 2021

အိန်ဂျလီနာဂျိုလီနဲ့ The Weeknd တို့ နှစ်ယောက်ကတော့ ထပ်မံတွေ့ဆုံနေကြပြီဖြစ်ပါတယ်။

နာမည်ကြီးသရုပ်ဆောင်အဖြစ်ကနေ လူသားအကျိုးပြုသူဖြစ်လာခဲ့တဲ့ ဂျိုလီ(၄၆နှစ်)နဲ့ အဆိုတော် The Weeknd(၃၁နှစ်)တို့ မေတ္တာမျှပြီး နှစ်လအကျော်မှာ ရင်းရင်းနှီးနှီးညစာစားရင်း ထပ်မံချိန်းတွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဂျူလိုင်လက သူတိုနှစ်ယောက်ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားရင်း ချိန်းတွေ့ခဲ့ဖူးပြီး စက်တင်ဘာ ၂၅ ရက် စနေနေ့မှာလည်း ထိုစားသောက်ဆိုင်ကအထွက်မှာပဲ ဓာတ်ပုံရိုက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မျက်မြင်တစ်ဦးရဲ့ပြောဆိုချက်ကတော့ သူတို့ဟာ စားသောက်ဆိုင်ရဲ့ သီးသန့်နေရာတစ်ခုမှာ အတူတကွထိုင်ပြီး နှစ်နာရီခွဲလောက် ကြာမြင့်စွာ ရှိနေခဲ့တယ်လို့ ပြောပါတယ်။

စားသောက်အပြီးမှာတော့ သူတို့နှစ်ယောက်ဟာ The Weeknd ရဲ့ကားနဲ့ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
Eternals ဇာတ်ကားသရုပ်ဆောင်နဲ့ Starboy သီချင်းရဲ့အဆိုတော်တို့ဟာ သူတိုနှစ်ယောက်ရဲ့ ပတ်သက်မှုကို ချပြပြီးပေမယ့်လည်း ဒီကိစ္စအကြောင်းကိုတော့ ဆက်လက်နှုတ်ဆိတ်နေမယ့် အခြေအနေရှိပါတယ်။

ဂျိုလီဟာ ဘရက်ဒ်ပစ်ဆီက ကွာရှင်းခွင့်တောင်းပြီး ၅ နှစ်ကြာတဲ့တိုင်အောင် သူတိုရဲ့ကလေး ၆ ယောက်ကို စောင့်ရှောက်ခွင့်ရဖို့ကိစ္စ ဖြေရှင်းနေရတုန်းဖြစ်ပါတယ်။
ဆလီနာဂိုမက်ဇ်နဲ့ ဘယ်လာဟာဒစ်တို့ကို တွဲပြီးတဲ့အခါမှာတော့ The Weeknd က နာမည်မကြီးတဲ့အမျိုးသမီးတွေနဲ့ တွဲဖို့ဝန်လေးနေတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတိုက လူအများရဲ့စိတ်ဝင်စားခြင်းခံရတာကို ကျင့်သားမရသေးတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
Source E!Online 

You May Also Like

More From Author