Squid Game ရဲ့ဇာတ်သိမ်းပိုင်းအကြောင်း ရှင်းလင်းပြောကြား

Estimated read time 1 min read
0 0
Read Time:4 Minute, 42 Second

#WorldEntertainment
Published 1 October 2021

Netflix ကထွက်ထားတဲ့ Squid Game ကတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဖမ်းစားထားပါတယ်။ ဒီကိုရီးယားဇာတ်လမ်းတွဲမှာ အန္တရာယ်များတဲ့ကစားနည်းပါဝင်ပြီး ယှဉ်ပြိုင်ရတဲ့သူတွေဟာ ကလေးကစားနည်းတွေကို ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်ကစားရပြီး ဆုကြေးအနေနဲ့ ၄၅.၆ ဘီလီယံဝမ်(အကြမ်းဖျင်း ဒေါ်လာ ၃၈ သန်း) ရရှိဖို အခွင့်အရေးရှိနေပါတယ်။

လက်ရှိကိုရီးယားရဲ့ လျှို့ဝှက်နေရာမှာ ပြုလုပ်တဲ့ ဒီဇာတ်လမ်းမှာ ရှုးနိမ့်ထွက်ခွာရသူတွေအနေနဲ့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။
ယှဉ်ပြိုင်သူတွေအနေနဲ့ လောင်းကစားသမားကီဟွန်၊ အကျင့်ပျက်ဘဏ်ပိုင်ရှင်ဆန်ဝူနဲ့ မြောက်ကိုရီးယား ဒုက္ခသည်ဆယ်ဗျော့တို ပါဝင်ပြီး ကစားပွဲနောက်ကွယ်က ကြံစည်မှုတွေ တဖြည်းဖြည်းပေါ်လာကာ အကြမ်းဖက်မှုတွေကနေ ဖျော်ဖြေမှုပေးနိုင်တာကို တွေ့ရမှာပါ။
ဇာတ်လမ်းတွဲအပြီးမှာတော့ အနိုင်ရရှိသွားသူကို သိရှိခဲ့ရပြီး ကစားပွဲရဲ့ရှင်းလင်းချက်ရော မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကိုပါ တွေ့လိုက်ရပါတယ်။
ဇာတ်လမ်းတစ်ခုလုံးကိုကြည့်ပြီး တစ်ခုခုနားမလည်တာမျိုး ဖြစ်နေမယ်ဆိုရင်တော့ Squid Game အတွဲ ၁ရဲ့ ဇာတ်သိမ်းပိုင်းကို ဟောဒီမှာရှင်းပြပေးထားပါတယ်။

ကီဟွန်အနိုင်ရရှိပေမယ့် ဆုကြေးငွေကို မသုံးစွဲ ဇာတ်သိမ်းခန်းရဲ့အစမှာတော့ Squid Game ဇာတ်လမ်းတွဲအစက ကစားနည်းဖြစ်တဲ့ အကြွေစေ့ပစ်ကစားနည်းကိုပဲ နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ရတာပါ။
ဇာတ်သိမ်းပိုင်းမတိုင်ခင်အပိုင်း(RIP, Queen)မှာ ဆန်ဝူက ဆယ်ဗျော့ကိုသတ်လိုက်တဲ့အတွက် ကီဟွန်က အတော်ကိုစိတ်ဆိုးရန်လိုနေပါတယ်။


Squid Game ဟာ ကိုရီးယားကလေးတွေကြားမှာ ရုန်းရင်းဆန်ခတ်နဲ့ အကြမ်းတမ်းဆုံး ကစားပွဲဖြစ်ကြောင်း၊ ဇာတ်လမ်းဖော်ပြချက်အတိုင်း ကိုက်ညီကြောင်းနဲ့ ငယ်စဉ်ဘဝသူငယ်ချင်းဖြစ်ခဲ့ကြသူတွေ မိုးထဲလေထဲမှာ အသားခုတ်ဓားတွေနဲ့ မသေမချင်းတိုက်ခိုက်ကြရတာဖြစ်ကြောင်း ခေါင်းဆောင်ဖြစ်သူက VIP တွေကို ရှင်းပြပြောဆိုပါတယ်။ တဖြည်းဖြည်းနဲ့ ကီဟွန်ကအသာစီးရလာကာ ဓားကိုင်လျက်နဲ့ ဆန်ဝူကို လှဲချလိုက်ပါတယ်။
စိတ်ဆိုးဒေါသထွက်နေပေမယ့်လည်း သူ့သူငယ်ချင်းဖြစ်သူကို မသတ်ပဲ ပန်းတိုင်ဆီလာခဲ့ပါတယ်။
သူနိုင်တာနဲ့ ဆန်ဝူကိုပစ်မယ့်လူလည်း အဲဒီမှာရှိနေပြီး ကီဟွန်က ကစားပွဲကို ရပ်သိမ်းကာ ဆန်ဝူကိုမသေစေချင်တာကြောင့် ဆုကြေးငွေကို လက်လျှော့ဖို လုပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ဆုံးမှာ ဆန်ဝူကကိုယ့်ကိုယ်ကို ဓားနဲ့ထိုးသတ်သွားပြီး ကီဟွန်ကို ဆုကြေးတွေယူခိုင်းကာ သူ့အမေကို ကူညီစောင့်ရှောက်ဖို တောင်းဆိုလိုက်ပါတယ်။
ကီဟွန်တစ်ယောက် ဝမ်းနည်းပက်လက်ဖြစ်ကာ အနိုင်ရထားတဲ့ဆုကြေးငွေပါဝင်တဲ့ ငွေသားကတ်နဲ့အတူ ဆိုးလ်မှာ ဆင်းနေခဲ့ပါတယ်။ ပြန်အလာမှာ ခေါင်းဆောင်ဖြစ်သူနဲ့ စကားပြောရင်း ဒီကစားပွဲအကြောင်းမေ့ပစ်ဖို့နဲ့ အဲဒီအကြောင်း ရှင်းပြပါတယ်။
“မြင်းတွေကို လောင်းကစားလုပ်တယ်မဟုတ်လား။ အဲဒီလိုပဲ ငါတို့ကတော့ လူတွေကို လောင်းကစားလုပ်တာ။ မင်းတို့က ငါတိုရဲ့မြင်းတွေပေါ့”လို ရှင်းပြပါတယ်။
ကီဟွန်တစ်ယောက် သူ့အိမ်ပြန်ရင်း ဆန်ဝူစိတ်ပူနေတဲ့ သူ့အမေဆီကို သွားခဲ့ပေမယ့် အဲဒီအိမ်မှာပဲ သူ့အမေဆုံးသွားတာကို သိလိုက်ရပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ ဖရိုဖရဲဖြစ်နေတဲ့ကီဟွန်တစ်ယောက် ရထားစီးလာပါတယ်။ဘဏ်အမှုဆောင်တစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ သူ့ရဲ့ဆုကြေးငွေတွေကို လုံးဝမသုံးစွဲသလောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။
ဘာကြောင့်မှန်းမသိ ဘီယာသောက်ဖို့နဲ့ လမ်းဘေးဈေးသည်ဆီက ပန်းဝယ်ဖို့ အဲဒီအမှုဆောင်ဆီကနေ ၁၀၀၀၀ ဝမ်(၈ ဒေါ်လာ) တောင်းဆိုခဲ့တာ တွေ့ရပါတယ်။
ဒါတွေဟာ ဝမ်းနည်းပူဆွေးမှုတွေကြောင့်နဲ့ ကစားပွဲတုန်းက ရခဲ့တဲ့ စိတ်ခံစားချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
Source Marie Clarie

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

You May Also Like

More From Author

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *