အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

1 min read

 

ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ၊အကယ်ဒမီကျော်သူ၏ ဖခင်ဖြစ်သူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နာယက၊နာရေးကူညီမှုအသင်း(ရန်ကုန်)​၏ နာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်)ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်၊၊

ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ အကယ်ဒမီကျော်သူ+မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်တို့​၏ ဖခင် နာရေးကူညီမှုအသင်း(ရန်ကုန်)​၏ နာယကကြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး​၏ နာယကကြီး ဦးစိန်တင်(အမျိုးသားရုပ်ရှင်)သည် မတ်လ(၃)ရက် နံနက်(၀၄:၁၀) အချိန်တွင်ကွယ်လွန်သွားခြင်းဖြစ်သည်၊၊

ကွယ်လွန်ချိန်တွင် အသက်(၈၉)နှစ်ရှိပြီဖြစ်ပြီး မတ်လ(၅)ရက်တွင် ဂူသွင်းသဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

ဦးစိန်တင်(အမျိုးသားရုပ်ရှင်)ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြေကွဲရကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)​တို့မှ ထုတ်ပြန်ထားပြီး ရုပ်ရှင်ထုတ်လုပ်ရေးများနှင့် ရုပ်ရှင်လောကသားများကလည်း ဝမ်းနည်းကြေကွဲကြောင်းလူမှုကွန်ရက်များပေါ်၌ဖော်ပြထားသည်၊၊

#8days_TV

You May Also Like

More From Author

+ There are no comments

Add yours