#WorldEntertainment
Published -15 October 2021
Blackpink အဖွဲ့ရဲ့ ဂျီဆူနဲ့ ပရီးမီးယားလိဂ်က တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူးဆွန်ဟောင်မင်တို့ နီးနီးစပ်စပ်ရှိနေခဲ့သည်မှာ ၂ နှစ်လောက်ကြာပြီဖြစ်ပါတယ်။
ဒါပေမဲ့လည်း YG Entertainment ကတော့ ကောလာဟလတွေကို ဆက်တိုက်ငြင်းပယ်လျက် ရှိနေပါတယ်။
၂၀၁၉ ခုနှစ်က ချူဆော့ပွဲတော်အားလပ်ရက်မှာ ဂျီဆူက လန်ဒန်မြို့ကို ရောက်ရှိနေခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ပွဲစဉ်တစ်ခုမှာ သူမရဲ့ဝန်ထမ်းနဲ့အတူ ခရီးသွားတွေပုံစံနဲ့ ဘောလုံးပွဲကို လာရောက်အားပေးခဲ့ပါတယ်။
အင်စတာဂရမ်မှာ အဲဒီပွဲက ဘောလုံးသမားတွေကို အားပေးနေတဲ့အကြောင်း တင်လိုက်တဲ့အခါမှာတော့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။အကင်းပါးတဲ့ပရိသတ်တွေက ဂျီဆူတင်တဲ့အကြောင်းအရာမှာ ဆွန်ဟောင်မင် ဂိုးသွင်းတဲ့ပုံပါဝင်နေတာကို သတိထားမိသွားပါတယ်။
ဆွန်ဟောင်မင်က တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ထူးဆောင်အားကစားသမားဖြစ်ပြီး နိုင်ငံကျော်ဘောလုံးသမားဖြစ်တာကြောင့် ကိုယ့်လူမျိုးကိုယ်အားပေးတာလို့ပဲ လူအများကဆိုပါတယ်။
သူတို့နှစ်ယောက်ကို တစ်နိုင်ငံတည်းမှာ တစ်ချိန်တည်းတွေ့လိုက်ရတဲ့အတွက် ကောလာဟလသတင်းတွေ ပျံ့သွားပါတယ်။
ဆွန်ဟောင်မင်က ဥရောပမှာ သူ့အသင်းအတွက် ကစားနေချိန်မှာပဲ ဂျီဆူကလည်း Blackpink နဲ့အတူ နိုင်ငံလှည့်ဖျော်ဖြေနေတာဟာ တိုက်ဆိုင်မှုလို့ ပြောဖို့ခက်နေပါတယ်။လက်တလောမှာ ၂၀၂၁ အောက်တိုဘာကလည်း ဒီနှစ်ယောက်ဟာ ဥရောပကနေ တောင်ကိုရီးယားဆီ ပြန်လာတာကို ဆက်စပ်တွေ့မြင်လိုက်ရပါတယ်။
ဂျီဆူက ပဲရစ်ကဖက်ရှင်ပွဲအပြီး အောက်တိုဘာ ၅ ရက်နေ့မှာ ပြန်လာတာဖြစ်ပါတယ်။ဆွန်ဟောင်မင်ကလည်း ကမ္ဘာ့ဖလားအာရှခြေစစ်ပွဲ ကန်ဖို့အတွက် အောက်တိုဘာ ၅ ရက်နေ့မှာ တောင်ကိုရီးယားကို ပြန်လာတာဖြစ်ပါတယ်။
ဒါ့အပြင် တော့တင်ဟမ်ဟော့စပါးအသင်းတည်ရှိရာ လန်ဒန်မြို့ကနေ စီးနှင်းလိုက်ပါလာတာမဟုတ်ဘဲ ပဲရစ်ကနေ လေယာဉ်စီးလာတာဖြစ်တယ်လို့ သိရပါတယ်။YG Entertainment က ကောလာဟလသတင်းထွက်ပေါ်တာတွေကို ချက်ချင်းငြင်းပယ်လိုက်ပါတယ်။
"ဂျီဆူနဲ့ပတ်သက်ပြီး ချိန်းတွေ့မှုသတင်းတွေက မဟုတ်မမှန်ဘူးဆိုတာကို ရှင်းလင်းချင်ပါတယ်။ နိုင်ငံတကာက ပရိသတ်တွေဆီလည်း သတင်းပျံ့နေပြီဆိုတာ သိထားပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားဝင်ဖြေရှင်းချက် ထုတ်ဖို့လိုနေပါပြီ။ ကျေးဇူးပြုပြီး အကျိုးအကြောင်းမသင့်တော်တဲ့ သတင်းမှားတွေ ဆက်မဖြန့်ပါနဲ့" လို့ ပြောသွားပါတယ်။
ဆွန်ဟောင်မင်ဟာ အရင်ကလည်း အနုပညာရှင်တွေနဲ့ ချိန်းတွေ့ဖူးပြီး လူအများသိအောင် ချပြခဲ့ပါတယ်။
ဒါပေမဲ့ ဂျီဆူနဲ့ပတ်သက်မှုကိုတော့ လုံးဝထိန်းသိမ်းထားတာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်အတွဲက ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့လိုပဲ ကြည့်ကောင်းကြပါတယ်။
Source South China Morning Post