သရုပ်ဆောင်ရဲတိုက် နဲ့ ဆယ်လီ Beauty Blogger ဝင်းမင်းသန်းတို့ အနေနဲ့ ၅၀၅(က) အတွက် လွတ်ငြိမ်းရပေမယ့် သရုပ်ဆောင်ရဲတိုက် မှာ ရင်ဆိုင်နေရဆဲ မူးယစ်မှု ရှိသလို Beauty Blogger ဝင်းမင်းသန်း အနေနဲ့ ၁၇(၁) အမှု နဲ့ ပတ်သက်သော ပြစ်ဒဏ် ကျန်နေသေးတာကြောင့် မလွတ်မြောက်ကြသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်နဲ့ ဒါရိုက်တာဝိုင်းတို့ မတ်လ ၂ ရက်နေ့က အင်းစိန်ထောင်ကနေ ၅၀၅(က) အတွက် လွတ်ငြိမ်း နဲ့လွတ်မြောက်လာခဲ့ကြပေမဲ့ ရဲတိုက်၊ ပိုပိုနဲ့ မဝင်းမင်းသန်းတို့ ကတော့ ထောင်ထဲမှာ ကျန်နေခဲ့သေးတာပါ။
အဲဒီထဲမှာတော့ရဲတိုက်က မူးယစ်မှု ၊ Beauty Blogger ဝင်းမင်းသန်း က ၁၇(၁) အမှု ရှိလို့ ကျန်နေပေမယ့် ပိုပိုကတော့ ဘယ်အမှုကြောင့် ကျန်နေတယ်ဆိုတာ မသိရသေးပါဘူး။
လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရဲတိုက်အမှုကို အနောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးဖို့ ရုံးချိန်းချိန်းဆိုထားပါတယ်။ အဲဒီရုံးချိန်းမှာ တရားလိုပြသက်သေ ၆ ယောက် တင်ထားတဲ့ အထဲက ၃ ယောက်ကိုစစ်ဆေးပြီးပါပြီ။တစ်ယောက်ကို ဥပဒေအရာရှိက ပါယ်လိုက်တာကြောင့် မတ်လ ၁၅ ရက်နေ့မှာတော့ ကျန်တဲ့ တရာလိုပြ သက်သေ ၂ ယောက်ကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ရဲတိုက်ရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က Yangon Media Group ကို ပြောပါတယ်။
U Khin Maung Myint Clip (စာတမ်း) ရှေ့နေ ဦးခင်မောင်မြင့်
သရုပ်ဆောင် ရဲတိုက် ရင်ဆိုင်နေရတဲ့ မူးယစ်ပုဒ်မ ၁၆ (ဂ) အမှု ဆိုတာ ပြစ်မှု ထင်ရှားတယ်လို့ အမိန့်ချခံရရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ် အတွင်း ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်တယ်လို့ သိရပါတယ် ။