Published 1 December 2021
ဆောင်ဟေကျိုနဲ့ ဂျွန်ဂျီဟွန်တို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်မင်းသမီးတွေ ဖြစ်တာနဲ့အညီ သူတို့ပါဝင်သရုပ်ဆောင်လိုက်တဲ့ ဇာတ်ကားတွေဟာ နာမည်ကြီးလူကြိုက်များကြပါတယ်။
တောင်ကိုရီးယားသရုပ်ဆောင်လောကမှာ ထိပ်ဆုံးနေရာကနေရာယူထားတဲ့ မင်းသမီးနှစ်ယောက်ဟာ သရုပ်ဆောင်ကြေးကနေ ဝင်ငွေများစွာရရှိနေမယ်လို့ ခန့်မှန်းကြည့်လို့ရပါတယ်။
ဒါပေမဲ့ သူတို့ရဲ့သရုပ်ဆောင်ကြေးတွေက လူအများထင်ထားတာထက်ကို ပိုပြီးများပြားနေကာ စံချိန်တင်ရရှိနေပြီဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဇာတ်လမ်းတွဲတွေမှာ ဇာတ်လိုက်မင်းသမီးတွေအဖြစ် သရုပ်ဆောင်ကြတဲ့ ဆောင်ဟေကျိုနဲ့ ဂျွန်ဂျီဟွန်တို့ဟာ ဇာတ်လမ်းတွဲတစ်ပိုင်းအတွက် သရုပ်ဆောင်ကြေး ဝမ်သန်း၂၀၀ (အမေရိကန်ဒေါ်လာ ၁၆၈၀၀၀) ရရှိကြောင်း ချိုဆွန်သတင်းစာမှာဖော်ပြထားပါတယ်။
ဇာတ်လမ်းတွဲတစ်တွဲမှာ အပိုင်း ၁၆ ပိုင်းပါတယ်ဆိုရင် သရုပ်ဆောင်ကြေးအဖြစ် ဝမ် ၃.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆၉ သန်း) ရရှိမှာဖြစ်ပါတယ်။
ဆောင်ဟေကျိုက လက်ရှိမှာတော့ Now We Are Breaking Up ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကမှ ထုတ်လွှင်ခဲ့ပြီး ၂၀၁၈ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Encounter ဇာတ်လမ်းတွဲပြီးနောက်ပိုင်း ဆောင်ဟေကျိုအနေနဲ့ လက်ရှိတီဗီဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်လာတာကြောင့် အားပေးများစွာရရှိမယ်လို့ မျှော်မှန်းနိုင်ပါတယ်။
Encounter ဇာတ်လမ်းတွဲရိုက်ကူးစဉ်က ဆောင်ဟေကျိုဟာ ဇာတ်လမ်းတွဲတစ်ပိုင်းအတွက် သရုပ်ဆောင်ကြေး ဝမ်သန်း ၁၀၀ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်း သရုပ်ဆောင်ကြေး ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။
ဂျွန်ဂျီဟွန်ရဲ့ အခုနောက်ဆုံးဇာတ်လမ်းတွဲကတော့ Jirisan ဇာတ်လမ်းတွဲဖြစ်ပြီး ဒီစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဇာတ်လမ်းတွဲကို ၂၀၂၁ အောက်တိုဘာကမှ စတင်ထုတ်လွှင့်ခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေဟာ စိတ်ဝင်စားစရာကောင်းတဲ့အပြင် ဇာတ်လိုက်မင်းသားကလည်း ဂျူဂျီဟွန်းဖြစ်တဲ့အတွက်ကြောင့် လူကြိုက်များကြမယ်လို့ မျှော်မှန်းထားပါတယ်။
ဂျွန်ဂျီဟွန်ဟာ ၂၀၁၆ ခုနှစ်က ပြန်လည်ထုတ်လွှင့်ပြသခဲ့တဲ့ The Legend of the Blue Sea ဇာတ်လမ်းတွဲနောက်ပိုင်း ကိုရီးယားဒရာမာဇာတ်ကားတွေ မရိုက်ဖြစ်တော့တာဖြစ်ပါတယ်။
ထိုဇာတ်လမ်းတွဲမှာ ရေသူမအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဂျွန်ဂျီဟွန်ဟာ အပိုင်းတစ်ပိုင်းအတွက် သရုပ်ဆောင်ကြေး ဝမ်သန်း ၁၀၀ ရရှိခဲ့တာကြောင့် သူ့ရဲ့သရုပ်ဆောင်ကြေးကလည်း အတော်လေးမြင့်တက်လာတယ်လို့ ပြောလို့ရပါတယ်။
တောင်ကိုရီးယားနိုင်ငံက သရုပ်ဆောင်မင်းသားတွေနဲ့ မင်းသမီးတွေကြား သရုပ်ဆောင်ကြေးကွာဟချက်ဟာ သိသာထင်ရှားနေဆဲဖြစ်ပါတယ်။
One Day ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်မင်းသား ကင်မ်ဆူဟွန်က ဇာတ်လမ်းတွဲတစ်ပိုင်းအတွက် သရုပ်ဆောင်ကြေး ဝမ်သန်း ၅၀၀ ရရှိထားတာကြောင့် ဆောင်ဟေကျိုနဲ့ ဂျွန်ဂျီဟွန်တို့ရဲ့ စံချိန်တင်သရုပ်ဆောင်ကြေးတွေက အမီလိုက်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ဆောင်ဟေကျို ပါဝင်သရုပ်ဆောင်ထားတဲ့ Now We Are Breaking Up ဇာတ်လမ်းတွဲကို SBS ကနေ အပတ်စဉ်သောကြာနေ့နဲ့ စနေနေ့တို့မှာ ကြည့်ရှုနိုင်ပြီး ဂျွန်ဂျီဟွန် ပါဝင်သရုပ်ဆောင်ထားတဲ့ Jirisan ဇာတ်လမ်းတွဲကိုတော့ tvN ကနေ အပတ်စဉ်စနေတနင်္ဂနွေနေ့တွေမှာ ကြည့်ရှုနိုင်ပါတယ်။
Source: Koreaboo
  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.