#WorldNews

Published- 15 Oct 2021

မလေးရှားနိုင်ငံရှိ လက်သည်းအလှပြင်ဆိုင်က Squid Game ဇာတ်လမ်းတွဲမှ ရုပ်ပုံများဖြင့်ဖန်တီးရေးဆွဲထားတဲ့ လက်သည်းခွံအတုများရောင်းချလျက်ရှိပါတယ်။

လူကြိုက်များနေတဲ့ ဒီတောင်ကိုရီးယားဇာတ်လမ်းတွဲကိုအသုံးချပြီး စီးပွားရေးလုပ်ငန်းလေးတွေက ဝင်ငွေရရှိအောင် ဖန်တီးနေကြပါတယ်။ကွာလာလမ်ပူမြို့အစွန်မှာ တည်ရှိတဲ့ လက်သည်းအလှပြင်ဆိုင်ဟာ ဇာတ်လမ်းတွဲ ၉ ပိုင်းက တစ်ပိုင်းချင်းစီမှာပါဝင်တဲ့ ခေါင်းစဉ်ဒီဇိုင်းပုံစံတွေနဲ့ လက်သည်းခွံတွေကို ဖန်တီးထားတာဖြစ်ပါ တယ်။

"မီးနီ မီးစိမ်း" ဆိုရင် အပိုင်း ၁ က စက်ရုပ်မကြီးပုံပါဝင်ပြီး "ငရဲ" အခန်းမှာဆိုရင် ယူနီဖောင်းအနီတွေဝတ်ဆင်ထားတဲ့ ဂိမ်းပြိုင်ပွဲမှဝန်ထမ်းတွေနဲ့ ပန်းရောင်ဖဲကြိုးချည်ထားတဲ့ အခေါင်းပုံတွေ ပါဝင်ပါတယ်။

"ဆွဲရတာခက်လားဆိုတော့ နည်းနည်းတော့ခက်တာပေါ့။ အကုန်လုံးကို လက်နဲ့ပဲဆွဲထားတာပါ။ တံဆိပ်နှိပ်ထားတာမဟုတ်ပါဘူး။ အသက်အောင့်ပြီး သေချာဆွဲခဲ့ရပါတယ်" လို့ အလှပြင်ဆိုင်ပူးတွဲဆိုင်ပိုင်ရှင် လင်ပိုင်ဇင်က ဆိုပါတယ်။

Squid Game ဇာတ်လမ်းတွဲက ဒီအပတ်အစောပိုင်းမှာပဲ Netflix ရဲ့အအောင်မြင်ဆုံး စီးရီးဇာတ်လမ်းတွဲထုတ်လွှင့်မှု ဖြစ်လာခဲ့ပြီး ၁ လအတွင်းမှာ ကြည့်ရှုသူ ၁၁၁ သန်းရောက်ရှိခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာဆိုရင် ဂိမ်းပြိုင်ပွဲယှဉ်ပြိုင်သူတွေက ပိုက်ဆံပြတ်လတ်နေသူတွေဖြစ်ပြီး ဝမ် ၄၅.၆ ဘီလီယံအနိုင်ရရှိဖို့ သေရေးရှင်ရေးအခြေအနေတွေကြားက ယှဉ်ပြိုင်ကစားရတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ဟောလိုဝင်းဝတ်စုံတွေ ကလေးကစားနည်းတွေကို ပြန်လည်အမှတ်ရစေပါတယ်။အတုယူမှားစရာဖြစ်နိုင်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ကမ္ဘာတဝန်းကိုရီးယား ယဉ်ကျေးမှုနဲ့ဘာသာစကားအပေါ် စိတ်ဝင်စားလာစေမှုတို့ကြား အငြင်းပွားစရာ ဖြစ်လာပါတယ်။

လက်သည်းခွံများကို လုပ်ငန်းဝက်ဘ်ဆိုက်မှ ဝယ်ယူကြသူများရှိပြီး ဒေသတွင်းမှဝယ်ယူသူများလည်းရှိတယ်လို့ လက်သည်း အလှပြင်ဆိုင်ပူးတွဲဆိုင်ပိုင်ရှင် ချင်ကွမ်ဟောင်က ဆိုပါတယ်။

Source Reuters

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.