#WorldEntertainment
Published -9 Oct 2021

Netflix ကထုတ်လွှင့်တဲ့ Squid Game ဇာတ်လမ်းတွဲကျော်ကြားလာမှုနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟိုယွန်ဂျန်ဟာ Louis Vuitton ရဲ့ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။Squid Game ဇာတ်လမ်းတွဲမှာ ဂန်ဆဲဗျော့အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ကို ဖက်ရှင် နာရီ လက်ဝတ်ရတနာလုပ်ငန်း Global House Ambassador အဖြစ် ခန့်အပ်လိုက်တယ်လို့ Louis Vuitton က အောက်တိုဘာ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရခြင်းက အောင်မြင်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဟိုယွန်ဂျန်ဟာ ၂၀၁၃ ကိုရီးယားမော်ယ်လ်ပြိုင်ပွဲတစ်ခုမှာ စတင်နာမည်ကြီးလာခဲ့သူဖြစ်ပြီး အခုအချိန်မှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာကာ Squid Game ဇာတ်လမ်းတွဲရဲ့ လူကြိုက်အများဆုံးသရုပ်ဆောင်ဖြစ်လာပါတယ်။

ဂျန်က Louis Vuitton နဲ့ အခုမှလက်တွဲဖူးတာ မဟုတ်ပါဘူး။SS17 ဖက်ရှင်ပွဲတုန်းကလည်း ဂျန်က ပါဝင်ထားဖူးတာ ဖြစ်ပါတယ်။Louis Vuitton က ဖန်တီးရေးဒါရိုက်တာဖြစ်သူက ဒီလက်တွဲမှုနဲ့ပတ်သက်ပြီး "ဂျန်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပင်ကိုယ်အရည်အချင်းကို ချက်ချင်းသဘောကျသွားပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက စတင်အကောင်အထည်ဖော်ခဲ့တဲ့ အစီအစဉ်ကို ရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်"လို့ ဆိုပါတယ်။
Source unCrazed

  

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.