#WorldEntertainment
Published - 23 December 2021


Lily Collins ပါဝင်သရုပ်ဆောင်ထားတဲ့ Emily in Paris Season 2 က စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲတွေနဲ့အတူ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီ Season မှာတော့ အမျိုးသားသရုပ်ဆောင်တွေ ပိုမိုပါဝင်လာပြီး ပဲရစ်မြင်ကွင်းတွေကိုလည်း ပိုမိုမြင်တွေ့ရမှာဖြစ်ပါတယ်။
Emily in Paris ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ Darren Star က ဒီဇာတ်လမ်းမှာ Emily က သူ့ဘာသာရပ်တည်ရတော့မှာ ဖြစ်တယ်လို့ အော်ပရာမဂ္ဂဇင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

"Season 2 မှာ Emily က ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေေနဲ့ ကြုံတွေ့ပုံတွေကို မြင်တွေ့ရမှာပါ။ ပဲရစ်မြို့သူတစ်ဦးနဲ့ ပိုပြီးဆင်တူလာပါတယ်။ အဲဒီမှာအခြေချပြီး သူ့ဘာသာရုန်းကန်လှုပ်ရှားရမှာ ဖြစ်ပါတယ်" လို့ Darren Star က ရှင်းပြထားပါတယ်။

Lucien Laviscount နဲ့ Arnaud Binard တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် Emily ရဲ့အချစ်ရေးကိစ္စဟာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာပါတယ်။

Alfie အဖြစ်သရုပ်ဆောင်ထားတဲ့ Lucien Laviscount က နေရာတကာအဆိုးမြင်တတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဗြိတိန်လူမျိုးဘဏ်အရာရှိဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြင်သစ်စကားမပြောချင်တဲ့အပြင် ပြင်သစ်စရိုက်တွေ မကူးစက်လာအောင် ကျင့်ကြံနေတဲ့သူဖြစ်ပြီး Emily နဲ့ လိုက်ဖက်ညီလောက်မယ့်လူ ဖြစ်ပါတယ်။
မီဒီယာရှင်းလင်းပွဲမှာ Netflix ရဲ့ပြောကြားချက်အရ Season 2 မှာ Saint Tropez မြို့နဲ့ အခြားနေရာများစွာမှာ ရိုက်ကူးထားပါတယ်။

ဆွဲဆောင်မှုအားကောင်းတဲ့ Laurent အဖြစ် Arnaud Binard က သရုပ်ဆောင်ထားပြီး Saint Tropez နိုက်ကလပ်ပိုင်ရှင်ဖြစ်ကာ အရောင်းမြှင့်တင်ရေးအတွက် Emily ကို အလုပ်ခန့်လိုက်တဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် Jeremy O. Harris နဲ့ Jean-Christophe Bouvet တို့လည်း ပါဝင်ထားပြီး William Abadie ကလည်း ဇာတ်လမ်းတွဲတလျှောက် ပါဝင်နေပြီဖြစ်ပါတယ်။

Ashley Park ရဲ့ Mindy ဇာတ်ကောင်မှာလည်း ပြောင်းလဲမှုအများကြီး ပါဝင်ထားပါတယ်။"Season 2 မှာ အချစ်ရေးကိစ္စတွေ အများကြီး ပါဝင်လာမှာဖြစ်ပါတယ်။ Mindy လည်း ဒီကိစ္စတွေမှာ ပါဝင်လာပြီး အပြောင်းအလဲတွေ ဖြစ်လာမှာပါ" လို့ Ashley Park က ပြောသွားပါတယ်။
Source: E!Online 

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.