#WorldEntertainment

Published - 16 November 2021

တီဗီအစီအစဉ်တွေမှာပါဝင်တဲ့ နာမည်ကျော်မင်းသမီး Paris Hilton နဲ့ စီးပွားရေးစွန့်စားမြှုပ်နှံသူ Carter Reum တို့ဟာ Bel Air အိမ်တော်ကြီးမှာ တရားဝင်လက်ထပ်ပွဲကျင်းပခဲ့ပြီဖြစ်ပါတယ်။
Bel Air ဟာ သတို့သမီးဖြစ်သူရဲ့ ကွယ်လွန်သွားတဲ့အဘိုး Barron Hilton ပိုင်ဆိုင်ခဲ့တဲ့နေရာဖြစ်ပြီး Barron က ဟိုတယ်ပိုင်ရှင် Conrad Hilton ရဲ့နေရာ ဆက်ခံခဲ့သူဖြစ်ပါတယ်။

"Carter နဲ့ ကျွန်မတို့က သိကျွမ်းလာတာ ၁၅ နှစ်ကျော်ရှိပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး နေလာခဲ့ပြီး ၂၀၁၉ ခုနှစ် ကျေးဇူးတော်နေ့ပွဲတော်မှာ ပြန်ဆုံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီညက ထူးထူးခြားခြားခံစားမိပြီး ကျန်တာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ"လို့ Paris Hilton က ဆိုပါတယ်။

ဖေဖော်ဝါရီလတုန်းက ကိုယ်ပိုင်ကျွန်းတစ်ခုမှာ မွေးနေ့ခရီးထွက်ရင်း Carter က Paris ကို အံ့ဩသွားအောင် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။"အဲဒီတုန်းက အရမ်းစိတ်ကူးယဉ်ဆန်စရာဖြစ်ခဲ့တယ်။ ကျွန်မရဲ့ မိသားစုဝင်တွေရော မိတ်ဆွေတွေကပါ အံ့ဩသွားအောင် လုပ်နိုင်ခဲ့တယ်"လို့ ဆိုပါတယ်။

အောက်တိုဘာလက သူတို့ရဲ့ အပျိုလူပျိုနောက်ဆုံးညပါတီကို လတ်စ်ဗေးဂတ်စ်မှာ ပြုလုပ်ခဲ့ပါတယ်။
သတိုသမီးလောင်းအတွက် ပါတီပွဲကိုလည်း Paris ရဲ့အမေ Kathy Hilton, ညီအစ်မတော်သူ Nicky Hilton Rothschild နဲ့ အရင်းနှီးဆုံးသူငယ်ချင်း Tina Chen Craig တို့က Alice in Wonderland နောက်ခံဒီဇိုင်းဖြင့် ကျင်းပပေးခဲ့ကြပါတယ်။

မင်္ဂလာပွဲတွေရဲ့ထုံးစံအတိုင်း ဖိအားများတဲ့အခြေအနေတွေလည်း ရှိခဲ့ပါတယ်။
နာမည်ကြီး မင်္ဂလာပွဲစီစဉ်သူ Mindy Weiss နဲ့ အဖွဲ့ကို အလှအပအဆင်အယင်မှအစ စီမံခန့်ခွဲမှုအထိ အပ်နှံခဲ့ပါတယ်။

မင်္ဂလာပွဲမတိုင်ခင်မှာ 11:11 Media နာမည်နဲ့ မီဒီယာကုမ္ပဏီအသစ်ကို ဖွင့်လှစ်ခဲ့ပြီး Peacock တီဗီချန်နယ်နဲ့ပူးပေါင်းပြီး Paris in Love တီဗီအစီအစဉ်ကိုလည်း ရိုက်ကူးနေပါတယ်။Paris ရဲ့ မီဒီယာကုမ္ပဏီအသစ်ရဲ့ နာမည်နဲ့ မင်္ဂလာပွဲကျင်းပတဲ့နေ့ရက်တွေက သူအကြိုက်ဆုံးအချိန်ဂဏန်းတွေအတိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်။

"၁၁ နာရီ ၁၁ မိနစ်ဆိုတာက ကျွန်မအကြိုက်ဆုံးအချိန်ပါပဲ။ အဲဒီနေ့က Carter နဲ့ ကျွန်မတို့ရဲ့အမှတ်တရနေ့ပါပဲ"လို့ Paris က ရှင်းပြသွားပါတယ်။၂၀၂၁ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်နေ့မှာ သူ့အဘိုးပိုင်ဆိုင်ခဲ့တဲ့အိမ်တော်ကြီးမှာပဲ မင်္ဂလာပွဲပြုလုပ်ခဲ့ပါတယ်။

Oscar de la Renta က မှာယူချုပ်လုပ်ထားတဲ့ မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီး လျှောက်လှမ်းလာချိန်မှာ Kim Petras က Can't Help Falling in Love သီချင်းကို သီဆိုနေခဲ့ပါတယ်။
သူ့ရဲ့မင်္ဂလာဝတ်စုံကို အကောင်းမွန်ဆုံးဖြစ်အောင် Oscar de la Renta က ဒီဇိုင်နာတွေနဲ့ လပေါင်းကြာတဲ့အထိ ဖန်တီးခဲ့ကြောင်း ဆိုပါတယ်။

ဆံပင်နဲ့ အလှအပပြင်ဆင်ဖို့အတွက်လည်း အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့ပြီး "Paris ကို ကြော့ကြော့ရှင်းရှင်းနဲ့ လှနေအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဝတ်စုံကလည်း လက်ရာအကောင်းပါတယ်။ မိတ်ကပ်တွေအများကြီး ဖြစ်နေအောင်လည်း လိမ်းလို့မဖြစ်ပါဘူး"လို့ ဆိုပါတယ်။

သတိုသမီးအရံတွေက ပန်းရောင်ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး သတို့သားနဲ့ သတို့သားအရံတွေကတော့ အနောက်တိုင်းဝတ်စုံအပြည့် ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။

"ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မအဘိုးပိုင်ခဲ့တဲ့နေရာမှာပဲ လက်ထပ်ချင်နေခဲ့တာ။ အခုတော့ တကယ်ဖြစ်လာခဲ့ပြီ။ ကျွန်မချစ်ခင်ရတဲ့သူတွေ ဝိုင်းဝိုင်းလည်ရှိနေတဲ့အတွက် အရမ်းတန်ဖိုးရှိပါတယ်"လို့ Paris ကပြောပါတယ်။

အကြင်လင်မယားအဖြစ် ကြေညာပြီးချိန်မှာ Demi Lovato က I Will Always Love You ဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ကြင်စဦးဇနီးမောင်နှံနှစ်ယောက်က Bruno Mars ရဲ့ Just The Way You Are သီချင်းနဲ့ ကပြခဲ့ပါတယ်။
Source: Vogue

 

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.