#WorldEntertainment

Published - 15 November 2021

မကြာသေးမီက လူပြောများနေတဲ့ Red(Taylor's Version) နဲ့ သီချင်းဗီဒီယို ထွက်ရှိလာပြီးနောက် Taylor Swift တစ်ယောက်ဟာ Saturday Night Live(SNL) အစီအစဉ်မှာ ၅ ကြိမ်မြောက် ပါဝင်တင်ဆက်ခဲ့ပါတယ်။

ထိုအစီအစဉ်အပိုင်းကို သရုပ်ဆောင်မင်းသား Jonathan Majors က တင်ဆက်ခဲ့ပြီး SNL ကိုလာရောက်တဲ့ တေးဂီတဧည့်သည်တော်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု ၂ မျိုးအစား Taylor Swift က အရင်သီချင်းအယ်လ်ဘမ်ဟောင်းကို ပြန်လည်မွမ်းမံသီဆိုထားတဲ့အထဲက All Too Well ဆိုတဲ့သီချင်းကို ၁၀ မိနစ်စာ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

Taylor Swift ကိုယ်တိုင်က ၁၀ မိနစ်စာတင်ဆက်ဖို့ တောင်းဆိုခဲ့ရာမှာ တင်ဆက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
SNL အစီအစဉ်က ဇာတ်ညွှန်းဆရာ ၃ ယောက်ဖြစ်တဲ့ Ben Marshall, John Higgins နဲ့ Martin Herlihy တို့ကို Taylor Swift နဲ့ Pete Davidson တို့က ပူးပေါင်းပြီး ဟာသလုပ်သီဆိုခဲ့ကြပါတယ်။

"Ben က Ron Weasley ကြီး အမွှေးမရှိတော့သလိုမျိုး၊ Martin ကတော့ စာခြောက်ရုပ်လို ပုံစံမျိုး"ဆိုပြီး Taylor Swift က သီဆိုပြခဲ့ပါတယ်။

Davidson က သူတို့ ၃ ယောက်ကို လှောင်ပြောင်ပြီးတဲ့အခါမှာလည်း Taylor Swift က "ဒီလူပျိုကြီး ၃ ယောက်က ကောင်မလေးရှေ့မှာ အင်္ကျီချွတ်မပြရဲကြဘူး"လို့ သီဆိုလိုက်ပြီး ဇာတ်ညွှန်းဆရာတွေက ပုခုံးတွန့်ပြကာ "ဟုတ်တယ်"လို့ ပြန်ဆိုလိုက်ကြပါတယ်။

အလွန်ကြည့်ကောင်းတဲ့ Sesame Street ပြကွက်နဲ့ တခြားအပိုင်းတွေအပြင် Majors ရဲ့ ပြောစကားကလည်း သူ့ရဲ့ Marvel ဇာတ်ကောင်အကြောင်းနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာဖြစ်စေခဲ့ပါတယ်။
Source: CNN

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.