#WorldEntertainment

Published- 6 November 2021

ဘရာဇီးလ်အဆိုတော်တစ်ဦးဖြစ်သူ Marilia Mendoca ဟာ လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှာပါဝင်ခဲ့ပြီး အသက်သေဆုံးခဲ့ရပါတယ်။Minas Gerais ရဲ့ Caratinga နယ်မြေမှာ ဖျော်ဖြေဖို့ လေယာဉ်ဖြင့်လာနေစဉ် ပျက်ကျခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အဆိုတော်နဲ့အတူ ထုတ်လုပ်သူ Henrique Ribeiro ၊ ဦးလေးဖြစ်သူ Abicieli Silveira Dias Filho ၊ လေယာဉ်မှူးနဲ့ အကူလေယာဉ်မှူးတို့ဟာလည်း သေဆုံးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဘရာဇီးလ်က တာဝန်ရှိသူတွေက လေယာဉ်ပျက်ကျခဲ့တဲ့ Caratinga, Minas Gerais က နေရာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုမဖြစ်ခင် နာရီပိုင်းလောက်က Mendoca က လေယာဉ်စီးနေရင်း ဒေသထွက်အစားအစာတွေအကြောင်း ပြောထားတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

Rodolffo Matthaus နဲ့ Deive Leonardo တို့အပါအဝင် Mendoca ရဲ့မိတ်ဆွေသူငယ်ချင်းတွေက သူ့ရဲ့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းမိပါတယ်လို့ ပြောထားပါတယ်။
နာမည်ကျော်ဘရာဇီးလ်ဘောလုံးသမား နေမာဂျူနီယာကလည်း တွစ်တာပေါ်မှာ "ယုံကြည်ဖို့ခက်ခဲနေတယ်"ဆိုပြီး ရေးသားထားပါတယ်။

၂၀၁၉ ခုနှစ်က Some Que Ele Vem Atrás သီချင်းကို Mendoca နဲ့အတူသီဆိုခဲ့တဲ့ Anitta ကလည်း ဝမ်းနည်းမိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

"မနေ့ကမှ နင့်ကိုအရမ်းခင်တာပဲလို့ ပြောလိုက်သေးတယ်လေ။ ဒီလိုဖြစ်သွားတာယုံတောင်မယုံနိုင်ဘူး။ ဘယ်လိုကြောင့်များဖြစ်ရတာလဲ။ ပြောစရာစကားတောင်မရှိတော့ဘူး"လို့ Anitta က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

"သိပ်ကို သဘောမနောကောင်းတဲ့အမျိုးသမီးလေး။ အားလုံးကိုလက်ခံနိုင်တဲ့သူ။ ဘယ်သူ့ကိုမှလဲ မနာလိုမဖြစ်တဲ့သူ။ နင့်ကိုသိပ်သဘောကျခဲ့တာ။ စံပြအမျိုးသမီးတစ်ယောက်ပါပဲ"လို့လည်း ရေးသားထားပါတယ်။
ကလေးတစ်ယောက်အမေလည်းဖြစ်တဲ့ Mendoca သေဆုံးမှုဟာ မိသားစုအတွက်လည်း ပြန်လည်အစားထိုးလို့မရတဲ့အရာဖြစ်နေခဲ့ပါတယ်။

Mendoca ဟာ ဘရာဇီးလ်မှာ လူကြိုက်များတဲ့ အဆိုတော်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က Spotify music player မှာ သူ့သီချင်းတွေကို ကြည့်ရှုနားဆင်သူအများဆုံး ဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ Realidade အယ်လ်ဘမ်နဲ့အတူ သူ့ရဲ့ပထမဦးဆုံးလက်တင်ဂရမ်မီဆုကို ရရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ချစ်သူဖြစ်သူ Murilo Huff နဲ့ ရခဲ့တဲ့ Leo ဆိုတဲ့ အသက် ၂ နှစ်အရွယ်သားတစ်ယောက် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
Source: E!Online

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.