#WorldEntertainment
Published - 5 November 2021

နိုဝင်ဘာ ၅ ရက်နေ့မှာ ထွက်ရှိမယ့် Red Notice ဇာတ်ကားရဲ့ မိတ်ဆက်ပွဲမှာ Dwayne Johnson က သူ့ရဲ့ Seven Bucks ဇာတ်ကားထုတ်လုပ်ရေးအနေနဲ့ တကယ့်သေနတ်တွေကို အသုံးမပြုတော့ဘူးလို့ Variety မဂ္ဂဇင်းကို ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက Rust ဇာတ်ကားရိုက်ကူးနေစဉ် သေနတ်ပစ်ခန်းတစ်ခုမှာ ရုပ်ရှင်ဓာတ်ပုံဆရာမ Halyna Hutchins ဟာ ကျည်ဆံထိမှန်မှုကြောင့် သေဆုံးမှုဖြစ်ခဲ့ပါတယ်။

"ကျွန်တော်တို့တွေ ရာဘာသေနတ်တွေကိုပဲ ပြောင်းလဲအသုံးပြုသွားပါမယ်။ ထုတ်လုပ်ရေးနောက်ပိုင်းကျမှ ဆက်ပြီးကြည့်လုပ်သွားမှာပါ။ ကုန်ကျစရိတ်များမှာကို တွေးပူနေမှာမဟုတ်ပါဘူး"လို့ ဆိုပါတယ်။

"ကျွန်တော်လည်း ဝမ်းနည်းကြေကွဲရပါတယ်။ အသက်တစ်ချောင်းဆုံးခဲ့ရတယ်။ ရိုက်ကွင်းကလူတွေရော သူ့မိသားစုဝင်တွေနဲ့ရော ထပ်တူပူဆွေးရပါတယ်။ Alec Baldwin နဲ့လည်း သိကျွမ်းခဲ့တာ အတော်ကြာပါပြီ"လို့ Johnson က ပြောပါတယ်။

ဟောလိဝုဒ်ရိုက်ကူးရေးတွေမှာ လက်နက်အစစ်တွေ အသုံးမပြုဖို့ တောင်းဆိုမှုတွေများပြားလာတဲ့အချိန်မှာ Johnson က မှတ်ချက်ပြုပြောသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက Rust ဇာတ်ကားရိုက်ကူးစဉ်မှာ သရုပ်ဆောင်နဲ့ရုပ်ရှင်ထုတ်လုပ်သူ Alec Baldwin ပစ်လိုက်တဲ့သေနတ်မှာ ဘယ်လိုဖြစ်ပြီး ကျည်ဆံအစစ်ပါဝင်နေသလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
Baldwin သေနတ်မယူခင်မှာ လက်ထောက်ဒါရိုက်တာက သေနတ်မှာကျည်မပါဘူးလို့ လှမ်းပြောခဲ့ကြောင်း သက်သေထွက်ဆိုချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

Baldwin က စုံစမ်းရေးတွေနဲ့ ဖုန်းပြောဆိုရာမှာလည်း မေးခွန်းတွေကို စိတ်ပါလက်ပါနဲ့ဖြေကြားပေးတယ်လို့ သိရရှိပါတယ်။
Source: CNN

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.