#WorldEntertainment
Published -3 November 2021

Kristen

သရုပ်ဆောင်မင်းသမီး Kristen Stewart က ဇာတ်ညွှန်းရေးဆရာမ Dylan Meyer နဲ့ စေ့စပ်လိုက်ပြီဖြစ်တယ်လို့ အင်္ဂါနေ့က Howard Stern နဲ့အင်တာဗျူးမှာ ကြေညာသွားပါတယ်။

"ကျွန်မတို့ သေချာပေါက်လက်ထပ်တော့မှာပါ။ ကျွန်မကိုလက်ထပ်ခွင့်တောင်းစေချင်နေခဲ့တာ။ အခုတော့ ကျွန်မဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပြီ။ လက်ထပ်ဖြစ်တော့မှာပါ"လို့ Stewart ကပြောသွားပါတယ်။
ဘယ်အချိန်လက်ထပ်ပွဲလုပ်ဖို့ စီစဉ်မှာလဲဆိုတာကိုတော့ မပြောထားပါဘူး။

ဒါပေမဲ့ ဘယ်လိုပုံစံမျိုးလက်ထပ်မလဲဆိုတာကို Stewart က သေချာစဉ်းစားထားပါတယ်။
"ကိုယ့်မွေးရပ်ဖြစ်တဲ့ LA မှာပဲလုပ်သွားချင်တယ်။ ဒါမှအားလုံးလာနိုင်မှာ။ ပွဲကို အမိုက်စားလေးဖြစ်စေချင်တယ်။ ပွဲကျင်းပရင် လက်တွဲခေါ်လာတာမျိုးတွေဘာတွေ မလုပ်ချင်ဘူး။ ဒီအတိုင်းပဲ မတ်တတ်ရပ်ဦးညွတ်လိုက်ရင် ပြီးတာပဲ"လို့ ပြောသွားပါတယ်။

သူတို့အတွဲဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က စတွေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်က ပါတီတစ်ခုမှာ ပြန်လည်ချိတ်ဆက်မိကြတာဖြစ်ပါတယ်။

"ခံစားလိုက်ရတဲ့အချိန်မှာ သိလိုက်ရပြီ။ ကျွန်မပြောတာ သဘောပေါက်တယ်မဟုတ်လား။ တစ်ခုခုဖြစ်ဖို့ သေချာနေပြီဆိုရင် ဘာနဲ့မှမတူအောင်ခံစားရတယ်။ တစ်ယောက်ယောက်နဲ့ မေတ္တာမျှနေပြီဆိုမှ ဒီလိုခံစားမှုမျိုးရရှိတာပါ"လို့ အင်တာဗျူးမှာ Stewart က Meyer နဲ့ပတ်သက်တဲ့အကြောင်းကို အားတက်သရော ပြောပြသွားပါတယ်။
Source: CNN

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.