#WorldSociety

Published - 27 October 2021

နာမည်ကြီးတက်တူးပညာရှင်ဖြစ်တဲ့အပြင် အဆိုတော်လည်းဖြစ်တဲ့ Kat Von D ဟာ လော့စ်အိန်ဂျလိစ်(L.A)မှာရှိတဲ့ သူ့ရဲ့တက်တူးစတူဒီယိုကို ပိတ်သိမ်းတော့မယ်လို့ ကြေညာသွားပါတယ်။

ဒီတက်တူးဆိုင်ဟာ TLC တီဗီစီးရီးကလွှင့်တဲ့ L.A. Ink အစီအစဉ်မှာ ပါဝင်ထားပြီး ဆိုင်ပိတ်တော့မယ့်အကြောင်းကို သူ့ရဲ့အင်စတာဂရမ်မှာ ကြေညာထားတာဖြစ်ပါတယ်။

Kat Von D တို့မိသားစုဟာ အင်ဒီယာနာဘက်က နယ်ဒေသလေးတစ်နေရာမှာ အိမ်လှလှလေးတစ်လုံး ဝယ်ယူထားကာ ထိုအိမ်မှာပဲ တစ်မိသားစုလုံးပြောင်းနေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အခု L.A. မှာနေတာထက်စာရင် အင်ဒီယာနာကအိမ်မှာနေရတာက ပိုပြီးသက်တောင့်သက်သာရှိတယ်လို့ Von D ကဆိုပါတယ်။

"ဟောလိဝုဒ်အနောက်ဘက်မှာရှိတဲ့ ကျွန်မရဲ့ဆိုင်လေးကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ဝမ်းနည်းစွာနဲ့ပဲ ပိတ်တော့မှာပါ။ ကျွန်မမရှိဘဲနဲ့ ဆိုင်ကိုဆက်ဖွင့်ထားဖို့က မဖြစ်နိုင်ဘူးလေ။ ကျွန်မရဲ့တေးဂီတအဖွဲ့နဲ့ အလုပ်လုပ်ဖို့ကိစ္စကလွဲပြီး တခြားဘာကိစ္စကြောင့်နဲ့မှ L.A. ကို ပြန်လာဖြစ်ဦးမှာ မဟုတ်ပါဘူး"လို့ ဓာတ်ပုံလေးတွေနဲ့တကွ ကြေညာသွားပါတယ်။

"နိုဝင်ဘာလအတွင်း ကျွန်မ တက်တူးစတူဒီယိုကို လာရောက်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ တက်တူးအလှဆင်ဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။ ၁၄ နှစ်တိုင်တိုင် ချစ်ခင်အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"လို့ Von D က တင်ထားပါတယ်။

Source: CNN

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.