#WorldEntertainment
Published - 6 Oct 2021

Game of Thrones ဇာတ်လမ်းမတိုင်ခင် အဖြစ်အပျက်အကြောင်း ရိုက်ကူးထားတဲ့ House of the Dragon ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးကို ဆောင်ရွက်နေပြီဖြစ်ပြီး အမေရိကန်မှာ HBO နဲ့ HBO Max တို့ကနေ ၂၀၂၂ အတွင်း ဇာတ်ကားတင်ဆက်သွားဖို့ရှိပါတယ်။

HBO နဲ့ Star India တို ဆက်လက်သဘောတူညီချက် ရယူထားတယ်ဆိုရင် House of the Dragon ဇာတ်လမ်းကို အိန္ဒိယမှာ Disney + Hotstar လိုင်းကနေထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
Game of Thrones ဇာတ်လမ်းရဲ့ စာရေးဆရာ George R.R. Martin နဲ့ Game of Thrones မှာ ဒါရိုက်တာမီဂွယ်စပေါ့နစ်နဲ့အတူ ဇာတ်လမ်းပူးတွဲထုတ်လုပ်တဲ့ ရိုင်ယန်ကွန်ဒယ်တို့ ဖန်တီးထားတဲ့ House of the Dragon ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြည့်ရှုပြီးသား ဇာတ်လမ်းအဖြစ်အပျက်တွေမတိုင်ခင် နှစ် ၃၀၀ လောက်ကအကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။

တာဂါယန်မိသားစုအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး မာတင်ရဲ့ Fire & Blood ဝတ္ထုနှစ်တွဲရဲ့ ပထမတွဲမှ ဇာတ်လမ်းယူထားတာဖြစ်ပါတယ်။ဒုတိယတွဲစာအုပ်က မထွက်ရှိထားသေးပါဘူး။
House of the Dragon ဇာတ်လမ်းတွဲမှ သရုပ်ဆောင် ၇ ဦးရဲ့ပုံတွေကို HBO က ပို့စ်တင်ထားပြီး ခေါင်းစဉ်မှာ "မီးလွှမ်းမိုးတဲ့ ခေတ်ရောက်လာတော့မယ်။ HBO ရဲ့ဇာတ်လမ်းတွဲ House of the Dragon က ထုတ်လုပ်ရေးပြုလုပ်နေပါပြီ။ ၂၀၂၂ မှာ HBO Max ကနေ မကြာခင်ပြသပါတော့မယ်" လို့ ရေးထားပါတယ်။

ပုံတွေထဲမှာတော့ ပရိသတ်တွေ အရင်ကသိထားပြီးသား သရုပ်ဆောင်တွေပါဝင်ကာ တာဂါယန်မင်းသမီးအဖြစ် အမ်မာဒီအာစီ၊ Sea Snake အဖြစ် စတိဗ်တူစိန့်၊ တာဂါယန်ဘုရင်အဖြစ် ပက်ဒီကွန်စီဒင်း၊ တာဂါယန်မင်းသားအဖြစ် မတ်စမစ်၊ အယ်လီစန့်ဟိုက်တာဝါအဖြစ် အိုလီဗီရာကွတ်ခ်နဲ့ အော့တိုဟိုက်တာဝါအဖြစ် ရစ္စအီဖန်စ်တိုပဲ ဖြစ်ပါတယ်။အမ်မီဆုရှင်စပေါ့နစ်က ဒီဇာတ်လမ်းရဲ့ ဇာတ်ကွက်တွေနဲ့ အပိုပါဝင်တဲ့အပိုင်းတွေကို ဦးဆောင်ညွှန်ကြားရိုက်ကူးမှာဖြစ်ပြီး အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ ဇာတ်လမ်းတွဲ ၁ က ကျန်အပိုင်းတွေကိုတော့ အမ်မီဆုရှင် ဂရက်ယတေနက်စ်၊ ကလဲကီလ်နာနဲ့ ဂျီတာပေတယ်လ်တို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။

House of the Dragon အပြင် Game of Thrones ဇာတ်လမ်းအခွဲလေးတွေများစွာကိုလည်း HBO က ထုတ်လုပ်နေတာဖြစ်ပါတယ်။၂၀၂၂ မှာ ထုတ်လွှင့်မယ်ဆိုပါက House of the Dragon ဇာတ်လမ်းဟာ Game of Thrones ရဲ့ ပထမဦးဆုံးရှေ့ပြေးဇာတ်လမ်းတွဲဖြစ်လာမှာပါ။
Source Gadgets 360

  • ကင်းမရွာကိုလှူဒါန်းဖို့ရရှိခဲ့တဲ့Crownကို မဲဖောက်ရောင်းချမယ်လို့ကြေငြာခဲ့တဲ့အလှမယ်...

  • #ဂီတလောကကိုအပြီးတိုင်နှုတ်ဆက်လိုက်ပြီဆိုတဲ့အဆိုတော်ရိန်မိုး

  • #သရုပ်ဆောင်သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေ တို့အပါအဝင်အနုပညာရှင်(24)ဦးတို့ကို ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်အရေးယူထားခြင်းရုပ်သိမ်း

  • #မိတ်ကပ်မေဦးမောင်_တော်ဝင်သူ_လွတ်ပီ

  • #အဆိုတော်မီးနိုဖမ်းဆီးထိန်းသိမ်းခံရ

  • #ဓာတ်ပုံသစ်လေးတွေ ပရိသတ်တွေကို ပြသလာတဲ့ နက္ခတ်တို့ဇနီးမောင်နှံ

  • ဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့သင်ဇာဝင့်ကျော်

  • Grand Royal Special Reserve က ၂၀၂၁ ခုနှစ် National Consumer Promotion အစီအစဉ်၏ ရွှေသားအတိဖြင့်ပြုလုပ်ထားသော ရွှေပုလင်းကံထူးရှင်ကို ထုတ်ဖော်ဂုဏ်ပြု

  • စည်သူ ဗိုလ်ကလေးတင့်အောင် ကွယ်လွန်

  • လူရွှင်တော်ဦးနေကျော်ကို မေတ္တာမြင့်မြတ်ဟိန်းနဲ့သူငယ်ချင်းတစ်စုကဂါဝရပြုလှူဒါန်း

  • ရဲတိုက်၊ Beauty Blogger ဝင်းမင်းသန်း တို့ ပုဒ်မ ၅၀၅- က အတွက်လွတ်ငြိမ်းရသော်လည်း အခြားအမှုများရှိနေသေး၍ ကျန်နေခြင်းဖြစ်

  • Dettol Myanmar မှ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များထံ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာခြင်းများဝေမျှခဲ့

  • အကယ်ဒမီကျော်သူ၏ဖခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်

Contact Us

09-43185299



Room No.101,1'st Floor, Building D, Maha Bandula Tower, Maha Bandula Road, Pazundaung. Beside east point Ocean, Same floor with Eaindra online Store.